၁၅၅၁ - ၁၅၅၅

399 38 0
                                    

အပိုင်း (၁၅၅၁) ရုတ်တရက်အန္တရာယ်

ပိုမြင့်သောအဆင့်များအား ချိုးဖျက်ခြင်းသည် ကျင့်ကြံသူတိုင်းလုပ်ဆောင်ရမည့် အရာဖြစ်သည်။

ထို့ကြောင့် တာအိုတစ်ထောင်အင်မော်တယ်တံဆိပ်တွင် မရေမတွက်နိုင်သော အကြံပြုချက်များ ပါရှိသည်။

"ဆန်ချင်ရှေးဟောင်းဂိုဏ်းရဲ့ အတွင်းစည်းတပည့်တစ်ယောက်ဖြစ်လာပါ...သင့်အတွက် ဆန်ချင်ပျံသန်းခြင်းကောင်းကင်မှာ တံခါးပိတ်ကျင့်ကြံဖို့ အခွင့်အရေးပေးလိမ့်မယ်"

"ကောင်းကင်ပုံရိပ်ယောင်ရှေးဟောင်းဂိုဏ်းရဲ့ အပြင်စည်းတပည့်တစ်ယောက်ဖြစ်လာပြီး တီအဆင့်တာ၀န်ကို ပြီးအောင်လုပ်ပါ...သင့်ရဲ့ ကျင့်ကြံမှုကို အဆင့်နှစ်ဆင့်တက်အောင်လုပ်ပေးနိုင်တဲ့ ကောင်းကင်ပုံရိပ်ယောင်ပန်းတစ်ပွင့်ပေးလိမ့်မယ်"

"မြစ်နဂါးတားမြစ်နေရာဖွင့်ပြီ...တကယ်လို့ သင်အနက်ပိုင်းကိုသွားပြီး မြစ်နဂါးချီစုပ်ယူနိုင်ရင် သင့်ရဲ့ ကျင့်ကြံမှုအတွက် အကျိုးအများကြီးဖြစ်လိမ့်မယ်"

"၀မ်လန်အင်မော်တယ်အင်ပါယာက သူ့ကိုနှစ်တစ်ရာအမှုထမ်းတဲ့သူတွေလို့ ၀မ်လန်ဆေးလုံးသုံးလုံးပေးမယ်လို့ပြောခဲ့တယ်...အဲဒါတွေနဲ့ သူ့ရဲ့ ကောင်းချီးအင်မော််‌တယ်မြေဖြစ်တဲ့ ဗောဓိနတ်ဘုရားဥယျာဉ်မှ ဆယ်နှစ်တံခါးပိတ်ကျင့်ကြံခွင့်ရမယ်..."

"တကယ်လို့ သင့်ရဲ့ ကျင့်ကြံမှုက လုံလောက်အောင်မသန်မာဘူးဆိုရင် နတ်ဘုရားတစ်ရာစစ်ပွဲမှာပါနိုင်ဖို့အတွက် ဖာတန်ထျန်အင်မော်တယ်ဘုံငယ်ကိုသွားနိုင်တယ်"

တကယ်ကို သူ၏ ကျင့်ကြံမှုတိုးတက်ဖို့အတွက် အခြားနည်းလမ်းအနည်းငယ်ရှိသည်။ သူသည် ကြောက်မက်ဖွယ်ရာအင်အားစုတစ်ခုတွင် ပါ၀င်ခြင်း၊ တားမြစ်နေရာများ သို့မဟုတ် စစ်မြေပြင်များကိုသွားခြင်း တိုက်ပွဲအတွေ့အကြုံရှာဖွေခြင်းတို့ဖြစ်သည်။

ယခုအချိန်၌ ချင်နန်သည် အဖွဲ့တစ်ခုခုထဲ၀င်ဖို့ တကယ်စိတ်မ၀င်စားပေ။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now