၁၁၄၁ - ၁၁၄၅

422 39 0
                                    


အပိုင်း (၁၁၄၁) ဝူကျိတောင်တန်း

        ထိုမြင်ကွင်းသည် အနီးမှကျင့်ကြံသူများ၏ အာရုံကိုဆွဲဆောင်သွားကြသည်။
      သို့သော်လည်း သူတို့ မအံ့ဩသွားကြပေ။ ပုံမှန်ကျင့်ကြံသူသည် ချင်နန်ကို အပြစ်ပြုရဲမည် ဟုတ်သော်လည်း ဖေးလင်းယွီသည် ယခင်ကကဲ့သို့ မဟုတ်ပေ။ ထောင်ချင်းစန့် သိုင်းဘုရင်အဆင့်သို့ရောက်ပြီးနောက် သူ၏ ဆရာဖြစ်သည့် ထူးဆန်းသောဆေဘာသိုင်းဘုရင်၏ အဆင့်အတန်းသည်လည်း မြင့်တက်လာကာ ကောင်းကင်ဆေဘာဂိုဏ်း၌ အလင်းတစ်ထောင်ဆေဘာသိုင်းဘုရင်ထက် သာလွန်သွားသည်။

    ထို့ကြောင့် ဖေးလင်းယွီ ဇောင်းကြွကြွ ဖြစ်နေခဲ့သည်။ သို့ဖြစ်သဖြင့်ချင်နန်နှင့် တွေ့သောအခါ သူ၏ ပထမဆုံးအတွေးမှာ ချင်နန်၏ ပစ္စည်းများကိုလုယက်ရန်ဖြစ်သည်။

      “အိုး…ငါမင်းကိုမပေးဘူးဆို ဘာဖြစ်မှာလဲ"
      ချင်နန်၏ မျက်လုံးများမှေးစင်းသွားသည်။

      “မပေးဘူးလား…ငါ့ရဲ့ အဖေက ထူးဆန်းတဲ့ဆေဘာသိုင်းဘုရင်ပဲ…ပြီးတော့ ထောင်ချင်းစန့်က ငါ့ရဲ့ အစ်ကို…တကယ်လို့ မင်းအဲဒါတွေမပေးဘူးဆိုရင် ငါကောင်းကင်ဆေဘာဂိုဏ်းက လူတွေကို ဒီကိုခေါ်ပြီးတော့ မင်းက်ိုရှင်းပစ်ဖို့…"
    ဖေးလင်ယွီ ပြုံး၍ ပြောလိုက်ပြီး သူ၏ ဘေးမှ သိုင်းဘုရင်များ၏ သားနှစ်ယောက် အထင်သေးစွာဖြင့် ကြည့်လိုက်သည်။

    သို့သော်လည်း သူ၏ စကားမဆုံးခင်မှာပင် တစ်ခုခုလက်ခနဲဖြစ်သွားပြီး သူ၏ မျက်နှာပေါ်သို့ အညှာအတာကင်းမဲ့စွာ ကျရောက်လာသည်။

    ဖြန်း…

    ဖေးလင်းယွီ ဘယ်ဘက်ပါး ပူထူသွားကာ ဘေးသို့ ခပ်စောင်းစောင်းဖြင့် တရစပ်ဆုတ်လိုက်ရပြီး သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။

      အနီးမှ သိုင်းဘုရင်များ၏ သားနှစ်ယောက် အံ့သြတုန်လှုပ်သွားသည်။

     ချင်နန်က ချက်ချင်းတိုက်ခိုက်လိုက်တာလား…

     ဒါ့အပြင် သူက ဖေးလင်းယွီကို ပါးတောင်ရိုက်တယ်ပေါ့…

       တိုက်ခိုက်ရာ၌ တစ်စုံတစ်ယောက်ကို ပါးရိုက်ခြင်းသည် အလွန်လေးစားမှုကင်းမဲ့ခြင်းဖြစ်ကြောင်းကို လူတိုင်းသိသည်။ ထို့ပြင်၎င်းမှာ သိုင်းဘုရင်တစ်ယောက်၏ သားကို ပါးရိုက်ခြင်းဖြစ်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now