၁၄၇၁ - ၁၄၇၅

380 34 0
                                    


အပိုင်း (၁၄၇၁) တာအို၏ အလင်း

      “တခြားအဓိကနတ်ဘုရားစွမ်းအင်လား…ဖိနှိပ်မခံထားစေချင်ဘူး"

     နတ်ဘုရားမွေးဖွားဇာတာခွင်များသည် လောလောလတ်လတ်တွင်မှ အသိစိတ်နိုးထလာသောကြောင့် ရှင်းရှင်းလင်းလင်း မပြောနိုင်သည့်တိုင် ချင်နန် သူပြောချင်သည့် အရာကို ဆုပ်ကိုင်နိုင်ဆဲဖြစ်ပြီး ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် ဖြစ်သွားသည်။

      “အမှန်ပဲ…တကယ်လို့ မင်းမျက်လုံးထဲကို တာအိုသန္ဓေသားပုံစံရဲ့ စွမ်းအင်ထည့်သွင်းလိုက်ရင် မင်း အဓိကနတ်ဘုရားစွမ်းအင်ကို မြင်နိုင်လိမ့်မယ်"

       နတ်ဘုရားမွေးဖွားဇာတာခွင် ပြောလိုက်သည်။

   

      “စမ်းကြည့်တာပေါ့"

    ချင်နန် ချက်ချင်းပင် ရွှေပြာရောင်သင်္ကေတကို အသက်သွင်းကာ သူ၏ ဘယ်ဘက်မျက်လုံးထဲ စွမ်းအင်ထည့်သွင်းလိုက်သည်။

     သူ ရှေ့သို့ တဖန်ပြန်ကြည့်စဉ်၌ အမှောင်ထုထဲတွင် နောက်ထပ် ကြီးမားသော နှလုံးပုံစံ ရွှေရောင်ပုံဆောင်ခဲကြီးတစ်ခုရှိနေသည်။

     ပုံဆောင်ခဲထဲ၌ မြူကဲ့သို့ အဓိကနတ်ဘုရားစွမ်းအင်အမျှင်များရှိနေပြီး စုစုပေါင်းတစ်ရာနှစ်ဆယ့်သုံးမျှင်ဖြစ်သည်။

      ၎င်းတို့၏ အော်ရာများသည် ချင်နန် ပထမက မြင်ဖူးသည့် နတ်ဘုရားမွေးဖွားဇာတာခွင်များထက် ပို၍သန့်စင်သည်။

     “အဓိကနတ်ဘုရားစွမ်းအင်တစ်ရာသုံးဆယ့်သုံးမျှင်…ဒါက ကန်းလန်တိုက်ကြီးမှာ ကျန်တဲ့ နတ်ဘုရားစွမ်းအင်လား"

     ချင်နန် ကြက်သေသေသွားသည်။

     အကယ်၍ ထိုသို့ ဆိုပါက နတ်ဘုရားဇာတာခွင်ပြိုင်ပွဲပြီးသည့်နောက်တွင် ကျင့်ကြံသူတစ်ရာနှစ်ဆယ့်သုံးယောက်သာ သိုင်းနတ်ဘုရားအဆင့်ကို တက်နိုင်သည်ဟု ဆိုလိုသည်မဟုတ်ပါလား…

       “ဟုတ်တယ်…အဲဒါ တကယ် အမှန်ပဲ"

    နတ်ဘုရားမွေးဖွားဇာတာခွင် ရှင်းပြလိုက်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now