၁၅၁၆ - ၁၅၂၀

354 36 0
                                    


အပိုင်း (၁၅၁၆) ဗုဒ္ဓအင်မော်တယ်အရိပ်

      ကောင်းကင်ထက်၌ ကြောက်စရာကောင်းသော မိုးကြိုးနဂါးတစ်ကောင်ပေါ်လာသည်။ ၎င်း၏ အေးစက်သောမျက်လုံးများသည် ရုတ်တရက် ကောင်းကင်တောင်ပိုင်းဂိတ်ကို ကြည့်လိုက်သည်။

     ကောင်းကင်တောင်ပိုင်းဂိတ် ချက်ချင်းပင် ကျောရိုးတစ်လျှောက် အေးစက်သွားသည်။

     ဝှစ်…

     သားရဲကြီးတစ်ကောင် လက်သည်းနှင့် ဆွဲဖြဲသလို အလွန်ပြင်းထန်သော စွမ်းအင်တစ်ခုထွက်ပေါ်လာပြီး လှံကို အပိုင်းပိုင်း ဖျက်ဆီးပစ်လိုက်သည်။

    

     “ချေးပဲ"

     ကောင်းကင်တောင်ပိုင်းဂိတ် အလွန်ထိတ်လန့်လို့သွားသည်။ သူသည် ချက်ချင်းပင် အလျင်အမြန် နောက်ဆုတ်လိုက်သည်။

     အတိဒုက္ခအား ဆင့်ခေါ်သူတစ်ယောက်ကို တိုက်ခိုက်သူသည် အတိဒုက္ခ၏ ရန်လိုခြင်းခံရမည်ဖြစ်ကြောင်းကို လူတိုင်းသိသည်။

     “ချင်နန်ရဲ့ သိုင်းနတ်ဘုရားအဆင့်အတိဒုက္ခပေါ်လာပြီ"

    အစွမ်းထက်ပုဂ္ဂိုလ်များ စိတ်သက်သာရာရသွားပုံရသည်။ 

      သူတို့သည် ဧကရီဖေးယွဲ့နှင့် သူမ၏ လျှို့ဝှက်ဆန်းကြယ်သောအနာဂတ်ဘ၀အကြားမှ ကိစ္စရပ်များကို အသေးစိတ်နားမလည်သည့်တိုင် အရာတစ်ခုကိုတော့ သူတို့ကောင်းစွာသတိထားမိသည်။

     အတိဒုက္ခပေါ်လာပြီးသည့်နောက်တွင် ချင်နန် အန္တရာယ်မရှိတော့ပေ။

     အတိဒုက္ခက လွဲလို့ မည်သူမျှ ချင်နန်ကို သတ်ဖို့မဖြစ်နိုင်လောက်ပေ။ 

    ဝီ…

     ထိုအချိန်၌ မမျှော်လင့်ထားသော အပြောင်းအလဲတစ်ခု‌ ဖြစ်ပေါ်လာသည်။

    ပလ္လင်ပေါ်တွင် နဂါးအင်ပါယာ၊ လောင်ဂူး၊ စင့်မာခေါင်၊ ထောင်ချင်းစန့်နှင့် သေခြင်းပုံဆောင်ခဲတို့၏ ခန္ဓာကိုယ်များထဲမှ စွမ်းအင်တစ်မျိုးဆင့်ကဲပြောင်းလဲလာပုံရသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now