၁၅၉၁ - ၁၅၉၅

401 36 0
                                    

အပိုင်း (၁၅၉၁) အရိုးနတ်ဆိုးအင်မော်တယ်အင်ပါယာ
  
      ဝိညာဉ်ဆေဘာဖြူပညာရပ်သည် တားမြစ်ဂိုဏ်းမှ သူအမွေဆက်ခံခဲ့သော သိုင်းပညာတစ်ခုဖြစ်သည်။
     ထိုပညာရပ်ကို သူတားမြစ်ခန္ဓာအား အောင်မြင်ပြီးမှသာ အသုံးပြုနိုင်သည်။ ၎င်းကို အသုံးပြုလိုက်သည်နှင့် ၎င်းသည် ပစ်မှတ်အပေါ်တွင် ဝိညာဉ်တစ်ခု ထားရှိမည်ဖြစ်သည်။
      ဝိညာဉ်သည် ပုံသဏ္ဌာန်မဲ့ကာ ထွက်ပြေးလို့မရပေ။ ၎င်းကို သာမန်နည်းလမ်းများဖြင့် ဖယ်ရှားပစ်ဖို့မဖြစ်နိုင်ပေ။
     ချင်နန်သည် ပစ်မှတ်ကို ချက်ချင်းတိုက်ခိုက်ဖို့အတွက် ဝိညာဉ်ကို အသုံးပြုနိုင်သည်။ အကယ်၍ ပစ်မှတ်သည် အသက်ရှင်ပါက ဝိညာဉ်သည်လက်နက်ကို ကိုင်ဆောင်ကာ ဆက်လက်တိုက်ခိုက်မည်ဖြစ်သည်။

      “ချင်နန်....မင်းလုပ်ရဲလား...."
    ၀မ်ရှောင်သည် ပြင်းထန်စွာ ရုန်းကန်တိုက်ခိုက်ရင်း ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
      သူ၏ တောင်ပံများမှ အမွေးများထွက်လာပြီး ချင်နန်ကို တိုက်ခိုက်လိုက်သည်။
     အမွေးတိုင်းသည် အလွန်အစွမ်းထက်လှသည်။ ထို့ပြင် သူ၏ ခန္ဓာကိုယ်မှ မရေမတွက်နိုင်သောအင်မော်တယ်အဆောင်များထွက်ပေါ်လာပြီး ရှေးဟောင်းပစ္စည်းတချို့လည်း အသက်၀င်လာသည်။
     ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်နှင့် ပြိုင်ဘက်ကင်းအုပ်စိုးသူတစ်ယောက်၏ သားအနေဖြင့် သူ့ထံတွင် ဝှက်ဖဲများစွာရှိကြောင်းပြောစရာမလိုပေ။

      “ဖိနှိပ်"
     ချင်နန်သည် စကားလုံးများဖြင့် အမိန့်ချမှတ်သော ရှေးဟောင်းနတ်ဘုရားတစ်ပါးအလားပင်ဖြစ်သည်။
      သူသည် ကြောက်မက်ဖွယ်ရာဖျက်ဆီးခြင်းစိတ်ဆန္ဒကိုအသုံးပြု၍ ပုံရိပ်ယောင်တောင်ကြီးတစ်တောင်ကို ဖန်တီးကာ ဖိချလိုက်သည်။
    အတောင်များ၊ အဆောင်များနှင့် ရှေးဟောင်းပစ္စည်းများအားလုံး ဖိနှိပ်ခံလိုက်သည်။ ၎င်းတို့၏ တောက်ပမှုများလည်း မှေးမှိန်ကျသွားသည်။
      ချင်နန်သည် ထိုနေရာ၌ ရပ်တန့်ခြင်းမရှိပေ။ သူသည် ၀မ်ရှောင်၏ နောက်ကျောကို လက်သီးဖြင့် ထိုးချလိုက်ရာ ၀မ်ရှောင်သည် ရှုံ့မဲ့သောမျက်နှာဖြင့် နာကျင်စွာအော်လိုက်သည်။
      သူ၏ အစစ်အမှန်ပုံစံသည် ခံနိုင်ရည်ရှိသည့်တိုင် နတ်ဘုရားငှက်ကြီးသည် ချင်နန်၏ ခန္ဓာထက် သိသိသာသာ အားနည်းနေဆဲဖြစ်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now