1686 - 1690

304 26 0
                                    

အပိုင်း (၁၆၈၆) မြို့တုန်လှုပ်ခြင်း

        “မဖြစ်နိုင်ဘူး…ငါ့ရဲ့ ကြမ္မာကောင်းခန္ဓာက ပြိုင်ဘက်ကင်းတယ်…ကံကြမ္မာနဲ့ ပတ်သက်တဲ့ အရာအားလုံး ကြမ္မာကောင်းခန္ဓာရဲ့ ဖိနှိပ်ခြင်းခံရမှာပဲ မင်းက ဘယ်လိုလုပ်အင်မော်တယ်ဖြစ်လာတာလဲ"
     မန်ကျိုးကုန် သူ၏ အတွေးများကို စုစည်းပြီး အော်ဟစ်လိုက်သည်။ သူ၎င်းကို မယုံကြည်နိုင်သေးပေ။

     ကံကောင်းမှုအရ သူ၏ အဖေနှင့် ကိုးကောင်းကင်အဓိပတိများသည် ၎င်းကို သဘောတူခဲ့ပြီးလွန်ခဲ့သော နှစ်သောင်းချီအတွင်းတွင် မည်သူမှ သူ၏ ကြမ္မာကောင်းခန္ဓာကို ရင်ဆိုင်နိုင်ခဲ့ခြင်းမရှိပေ။

      “မင်းယုံတာ မယုံတာ အရေးမပါဘူး…ငါ အဆင့်တက်နိုင်ခဲ့တယ်"
     ချင်နန် တည်ငြိမ်စွာ ပြောလိုက်သည်။ သူသည် လိမ်ညာခြင်းကို တကယ်မုန်းသော်လည်း မင်းသမီးမြောင်မြောင်နှင့် ကျန်းပိလန်အတွက် လိမ်ဖို့မှတစ်ပါး တခြားရွေးချယ်စရာမရှိခဲ့ပေ။

      “အကြီးအကဲလဆုတ်ကောင်းကင် ခင်ဗျား အရင်က ကျုပ်ကို ခန်းမထဲမှာ စော်ကားခဲ့တယ်…ကျုပ်အခု အသန်မာဆုံးအင်မော်တယ်တိုက်ပွဲမှာ ပါဖို့ အရည်အချင်းရှိပြီလား"
     ချင်နန်သည် လဆုတ်ကောင်းကင်အင်မော်တယ်ကို ကြည့်လိုက်သည်။

      “ဒါ…"
     လကောင်းကင်အင်မော်တယ် တုန်သွားသည်။ သူ၏ မျက်နှာ ပျက်သွားသည်။ သူသည် ကောင်းကင်ထိုင်ဟွမ်ဂိုဏ်း၏ မဟာအကြီးအကဲဖြစ်သော်လည်း ယခု၌ လူငယ်တစ်ယောက်သည် လူအများ၏ ရှေ့တွင် သူ့ကို မေးခွန်းထုတ်နေသည်။ သူ ၎င်းကို လုံး၀မကျေနပ်ပေ။

       “ဒါ…ရှိပါပြီ"
      သို့သော်လည်း လဆုတ်ကောင်းကင်အင်မော်တယ်သည် ၎င်းကို သည်းခံရုံမှတစ်ပါး တခြားရွေးချယ်စရာမရှိပေ။
     အကယ်၍ တခြားအခြေအနေဆိုပါက သူသည် သူ၏ စွမ်းအားကို အသုံးချကာ ချင်နန်ကို အသန်မာဆုံးအင်မော်တယ်တိုက်ပွဲတွင် မပါ၀င်အောင် တားဆီးနိုင်သော်လည်း ယခုအချိန်၌ လူများစွာကြည့်နေသောကြောင့် ရွေးချယ်စရာမရှိပေ။

       “ကောင်းပြီ"
     ချင်နန် တည်ငြိမ်စွာပြုံးလိုက်သည်။ သူသည် ချိူးဟုန်၊ ရှုရှန်ကျီနှင့် သွေးမျက်လုံးလူသားအင်မော်တယ်တို့ကို အသံပို့လွှတ်လိုက်သည်။
      “ဒီမှာမလုံခြုံဘူး... ငါတို့အခုထွက်သွားသင့်တယ်"

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now