၁၆၄၆ - ၁၆၅၀

370 27 0
                                    


အပိုင်း (၁၆၄၆)မီးအိမ်ထွန်းညှိခြင်း

    သူတို့နှစ်ယောက်ဆီသို့ အဝေးကနေ ရေခဲဓားများသဖွယ်များ  လေပြင်းများ တိုက်ခတ်လာပြီး မြေပြင်တုန်ခါလာသည်။ သတ်ဖြတ်ခြင်းစွမ်းအင်များသည် လေဟာနယ်ထဲက သက်ဆင်းလာပြီး သူတို့ကျောရိုးစိမ့်တက်သွားသည်။

      “ချင်နန် ငါတို့အခုဘာလုပ်ကြမလဲ"
      ၀မ်ရှောင်မေးလိုက်သည်။

      “ဒါကထောင်ချောက်လားဆိုတာ ငါတို့မပြောနိုင်သေးဘူး…တကယ်လို့ ထောင်ချောက်ဆိုရင်တောင် ငါတို့ဒီကိုရောက်မှ ပေါ်လာတာ အဓိပ္ပာယ်မရှိဘူး"
     ချင်နန် တုံ့ဆိုင်းခြင်းမရှိဘဲ ပြောလိုက်သည်။
     “ ဘာဖြစ်နေလဲဆိုတာ ရှေ့ဆက်သွားပြီး ကြည့်မယ်"

     ၀မ်ရှောင်အတော်လေးအံ့ဩသွားသည်။ အကယ်၍ သူသာဆိုပါက သူသည် စွန့်စားမည့်အစား နောက်ဆုတ်ကာ စောင့်ဆိုင်းမည်ဖြစ်သည်။
     လူတစ်ယောက် ငှက်တစ်ကောင်နှင့် နဂါးတစ်ကောင်သည် ရှေ့သို့ပျံသန်းသွားသည်။ အမှောင်ထုသည် တစ်စထက်တစ်စ ပိုကြီးထွားလာသည်။
     အစက ချင်နန်သည် သူ့ရှေ့က လီတစ်ရာ၀န်းကျင်ခန့်ကိုမြင်နိုင်သော်လည်း ယခုအချိန်၌ ဆယ်လီလောက်သာမြင်‌နိုင်တော့သည်။ သူ၏ နတ်ဘုရားအာရုံပင် အကန့်အသတ်ရှိလာသည်။

    ဘန်း…ဘန်း…ဘန်း…

    သူတို့ရှေ့ဆက်တိုးလာရင်း အရပ်မျက်နှာအသီးသီးက ပေါက်ကွဲသံများကိုကြားလာရသည်။ နဂါးများ၏ ဟိန်းသံနှင့် ကျင့်ကြံသူများ၏ အော်သံများ ပိုကျယ်လာသည်။
      အန္တရာယ်တချို့ပေါ်လာကာ ကျင့်ကြံသူအများအပြားကို သတ်ဖြတ်နေခြင်းဖြစ်ကြောင်း သိသာထင်ရှားသည်။

      ဝှီး…

     ထိုအချိန်၌ အသံတစ်သံသည် လေထုကိုထိုးခွင်းကာ ကျန်တစ်ရာရှည်သောအနီရောင်မြားကြီးသည် တောက်ပသောအလင်းဖြင့် ချင်နန်ဆီပျံသန်းလာသည်။
   
      “ဖျက်ဆီးခြင်းစစ်လက်သီး"
     ချင်နန်၏ မျက်လုံးစူးရှသွားသည်။ သူသည် ရှေ့သို့ လက်သီးပစ်သွင်းပြီးနောက် မြားကြီးကို ဖျက်ဆီးလိုက်သည်။
     သူသည် ထိုနေရာတွင်ရပ်တန့်ခြင်းမရှိပေ။ သူ၏ ညာဘက်လက်သည် ကောင်းကင်ဖြိုဖျက်ခြင်းဆေဘာအဖြစ်ပေါက်ကွဲသွားပြီး ရှေ့ကိုခုတ်ပိုင်းလိုက်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now