၁၅၈၆ - ၁၅၉၀

359 33 0
                                    


အပိုင်း (၁၅၈၆) မမျှော်လင့်ထားသော အပြောင်းအလဲများ

     ချင်နန် အလွန်အံ့ဩသွားသည်။
     အကယ်၍ ဤနေရာက စွမ်းအင်လှိုင်းများပင် ဤမျှအစွမ်းထက်နေပါက အနက်ရှိုင်းဆုံး နေရာဆိုလျှင် မည်ကဲ့သို့ဖြစ်မည်နည်း…

      အစက သူသည် ကောင်းချီးမြေတစ်ခုကို အတော်အတန်နားလည်သည်ဟု ထင်ထားခဲ့သည်။ သို့သော်လည်း သူ လုံး၀လျှော့တွက်ခဲ့မိပုံရသည်။

     “တကယ်လို့ မင်းဒီမှာကျင့်ကြံမယ်ဆို ငါအော်ရာရဲ့အရင်းအမြစ်ကို ခန့်မှန်းနိုင်လိမ့်မယ်"
      အတိသုခအင်မော်တယ်အင်ပါယာသည် သူ၏ လက်ချောင်းကို လှုပ်ယမ်းကာ ပြောလိုက်သည်။
    လေဟာနယ်ထဲတွင် သန့်စင်သော စွမ်းအင်များ စုစည်းလာပြီး ဒိုဂျိုတစ်ခုဖြစ်တည်လာသည်။

     ဤနေရာက  စွမ်းအင်များမှာ  အလွန်အစွမ်းထက်လှသည်။
     မြေအင်မော်တယ်တစ်ယောက်ပင် အကြာကြီးနေပါက အသက်ရှင်သန်နိုင်လိမ့်မည်မဟုတ်ပေ။ ချင်နန်ဆိုပါက စကားထဲ‌ထည့်ပြောစရာမလိုပေ။
     အကာအကွယ်အနေဖြင့် ဒိုဂျိုကိုအသုံးပြုဖို့လိုအပ်ပြီး ထိုမှသာ ချင်နန်သည် ဘေးကင်းစွာဖြင့် ကျင့်ကြံနိုင်လိမ့်မည်ဖြစ်သည်။

      “ စီနီယာ.ကျေးဇူးတင်ပါတယ်"
     ချင်နန် တုံ့ဆိုင်းခြင်းမရှိပေ။
    သူ ဒိုဂျိုပေါ် တက်သွားလိုက်သည်။
     အဆုံး၌ ဤနေရာတွင် ကျင့်ကြံခြင်းသည် အဆင့်ကိုးအထွတ်အမြတ်နေရာလွတ်ကထက် အနည်းဆုံးဆယ်ဆပိုမြန်လိမ့်မည်ဖြစ်သည်။
    သို့သော်လည်း သူသည် သူ၏ ခန္ဓာကိုယ်ထဲက တာအိုပုံဆောင်ခဲကို အလွန်သတိထား၍ အသက်သွင်းလိုက်ဆဲဖြစ်သည်။
      အတိသုခအင်မော်တယ်အင်ပါယာသည် သူ့အပေါ်မည်သည့်မကောင်းသော အကြံအစည်မျှ မရှိသည့်တိုင် သူ့အတွက် သတိထားရန် အရေးကြီးသည်။

     “ဒါနဲ့ စီနီယာ ကျုပ်တို့ ဒီနေရာမှာ ကျင့်ကြံဖို့မသင့်တော်မှာကို စိုးရွံ့မိတယ်…ကျုပ်မှာ ကျင့်ကြံရင် ကျင့်ကြံတဲ့နေရာကို ထူးခြားတဲ့အပြောင်းအလဲဖြစ်စေနိုင်တဲ့ အရာတစ်ခုရှိတယ်"
     ချင်နန် ရုတ်တရက် တစ်စုံတစ်ခုကို အမှတ်ရသွားပြီး တုန်လှုပ်သော မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။
      သူသည် သူ့ခန္ဓာကိုယ်ထဲက ဖြူပြာရောင်ပန်ပွင့်ကို မေ့လုနီးပါးပင် ဖြစ်ခဲ့သည်။
     ယခင်က လျိုဟွမ်စစ်မြေပြင်တွင် ပန်းပွင့်သည် ဖြစ်ရပ်ဆန်းများစွာဖန်တီးခဲ့ပြီး တားမြစ်ဂိုဏ်းအား စောစောစီးစီးပေါ်လာအောင် တွန်းအားပေးခဲ့သည်။
       သူ အထွတ်အမြတ်နေရာလွတ်တွင် အထွတ်အမြတ်စွမ်းအင်အတွက် ယှဉ်ပြိုင်ခြင်းမှာ အဆင်ပြေသော်လည်း အကယ်၍ သူဤနေရာတွင် ကျင့်ကြံလျှင် ပန်းပွင့်သည် ကောင်းချီးအင်မော်တယ်မြေအား တစ်စုံတစ်ခု လုပ်မည်ကို သူ စိုးရွံ့မိသည်။
   
      “ဟား…ဟား…စိတ်မပူပါနဲ့ကွာ…အတိသုခကောင်းကင်ဘုံက ကောင်းချီးမြေတစ်ခုပဲ…ဘယ်ဟာကမှ အဲဒါကို အန္တရာယ်ပြုဖို့မဖြစ်နိုင်ဘူး"
     အတိသုခအင်မော်တယ်အင်ပါယာသည် ရယ်မောရင်း လက်ခါလိုက်သည်။
      ပြိုင်ဘက်ကင်းအုပ်စိုးသူတစ်ယောက် ဤနေရာတွင် ကျင့်ကြံလျှင်ပင် ကောင်းချီးမြေကို ဘာမျှ လုပ်နိုင်လိမ့်မည်မဟုတ်ပေ။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးHikayelerin yaşadığı yer. Şimdi keşfedin