1911 - 1915

143 12 0
                                    

အပိုင်း (၁၉၁၁)

     “ကိုယ်တော်လျှိုကျယ် ငါသက်ညှာမှုမပြဘူးနော်"
     ချင်နန် လက်သီးစုလိုက်သည်။
     သူ၏ ခန္ဓာကိုယ်မှ နဂါးအော်သံများနှင့်အတူ တုန်လှုပ်ဖွယ်ရာနဂါးစွမ်းအင်တစ်ခု ထွက်ပေါ်လာသည်။

     လျှိုကျယ် ရွတ်ဖတ်လိုက်သည်။
     မမြင်ရသော ဗုဒ္ဓစွမ်းအင်တစ်ခုသည် ကြီးမားသော တံတိုင်းပုံစံဖြင့် နဂါးစွမ်းအင်ကို ပိတ်ဆို့ကာဆီးလိုက်သည်။

      “ဆရာလေးလင်နန် အစွမ်းကုန်ထုတ်ပါ…ငါ့ကို စမ်းစရာမလိုပါဘူး"
    လျှိုကျယ် ငုံ့ကြည့်လိုက်သည်။ သူ၏ တည်ရှိမှုက လွှမ်းမိုးနိုင်စွမ်းကြီးသည်။

     “ကောင်းပြီ"
    ချင်နန်၏ မျက်လုံးထဲ အင်မော်တယ်မီးလျှံများ တောက်လောင်လာသည်။

    သူ၏ ခန္ဓာကိုယ်ထဲက စစ်တာအိုအင်မော်တယ်စာမူ အသက်ဝင်လာသည်။
     ကြောက်မက်ဖွယ်ရာတိုက်ပွဲစွမ်းအင်သည် ကြီးမားသော လှိုင်းလုံးကြီးပမာ လှိမ့်တက်လာပြီး ခန်းမတစ်ခုလုံး ပြင်းပြင်းထန်ထန်တုန်ခါသွားသည်။

      “ဒါက…"
    အကြီးအကဲများ၊ ကျင့်ကြံသူများ၊ ချင်းလျိုနှင့် သူမလူများ တုန်လှုပ်သွားသည်။
     တိုက်ပွဲစွမ်းအင်က လုံး၀ကြောက်ဖို့ကောင်းသည်။
     ထူးခြားသော တိုက်ပွဲနယ်မြေတစ်ခုသည် ဤနေရာသို့ ဖြည်းလေးစွာကျဆင်းလာသည်ဟု သူတို့ခံစားရသည်။

     “အင်မော်တယ်တွေရဲ့ ဆက်ခံသူက တကယ်ကြောက်စရာပဲ"
    ယွမ်ကျွယ် အံ့ဩတုန်လှုပ်စွာဖြင့်ပြောလိုက်သည်။

      “ဆရာလေးလင်ရဲ့ ကျင့်ကြံမှုက အထင်ကြီးစရာပဲ"
   လျှိုကျယ် လေးနက်သော မျက်နှာအမူအရာဖြင့် ဖြစ်သွားသည်။ သူသည် ချက်ချင်းပင် လက်ဟန်သင်္ကေတတစ်ခုပြုလုပ်ပြီး ရှေးဟောင်းဗုဒ္ဓဘုရားကျောင်း၏ တာအိုရှာဖွေခြင်းပညာရပ်နှစ်ခုကို ဆက်တိုက်အသုံးပြုလိုက်သည်။
     
        “ဗောဓိက သစ်ပင်မဟုတ်ဘူး…ကြည်လင်တဲ့မှန်မှာ စင်မရှိဘူး"
     လျိုကျယ် သူ၏ အသံကို မြှင့်လိုက်သည်။ သူ၏ စကားလုံးတိုင်းက  မိုးထစ်ချုန်းသလိုပင်ဖြစ်သည်။
     သူ၏ နောက်တွင် ရှေးဟောင်းသစ်ပင်တစ်ပင်နှင့် ရှေးဟောင်းဘုရားကျောင်းတစ်ခု လွင့်မျောလာသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now