၁၁၉၆ - ၁၂၀၀

373 41 2
                                    


အပိုင်း (၁၁၉၆) ငါကချင်နန်ပါ

ချင်နန် ထိုဖြစ်ရပ်များအားလုံးကို သူ၏ မျက်လုံးများနှင့် ကိုယ်တိုင်‌ တွေ့သလို ခံစားနေရသည်။ သူ၏ မျက်လုံးထဲမှ အံ့ဩတုန်လှုပ်နေမှုမှာ အချိန်အတော်ကြာ စွဲထင်နေသည်။

ကောင်းကင်ဆန့်ကျင်မဟာမိတ်ကို လွန်ခဲ့သောငါးနှစ်က တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းထံ၌ မည်သည့် ကြောက်မက်ဖွယ်ရာနောက်ခံမျှ မရှိပေ။
မှတ်တမ်းများအားလုံးသည် ဖတ်ရှုသူများအားလုံးကို အံ့ဩတုန်လှုပ်စေသည်။
ငါးနှစ်အတွင်းတွင် သိုင်းနတ်ဘုရားတစ်ယောက်နှင့် သိုင်းဘုရင်သုံးယောက်ကို သတ်ခဲ့သည်။
ငါးနှစ်အတွင်းတွင် လူတစ်ယောက်မှ သိုင်းနတ်ဘုရားသုံးယောက်နှင့် သိုင်းဘုရင်ကိုးယောက်အဖြစ် ကြီးထွားလာသည်။
ကန်းလန်တိုက်ကြီး၌ မည်သူ ထိုကဲ့သို့ စွမ်းဆောင်နိုင်ပါသနည်း...

"မှော်ဆံရှင်ဓားနတ်ဘုရားကို တကယ်ကို ဒဏ္ဍာရီလို့ ခေါ်ထိုက်တာပဲ"
ချင်နန် ဝိုးတဝါး ရေရွတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် အခွင့်အရေးရသည်နှင့် သူထိုမှော်ဆံရှင်ဓားနတ်ဘုရားနှင့် လူကိုယ်တိုင် တွေ့မည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။

"ချင်နန် အချိန်ကျပြီ...မင်း ပထမအကျော့မှာ မင်းရဲ့ အဆင့်ကိုသွားစစ်ဆေးလိုက်"
ရီဖုန် အချိန်ကိုက်ပြောလိုက်သည်။

ချင်နန် စိတ်နှင့်လူနှင့် ပြန်ကပ်လာသည်။

"ကျုပ်ရဲ့ အဆင့်"
ချင်နန် အနည်းငယ်အံ့ဩသွားသည်။
ပထမအကျော့၌ အဆင့်သတ်မှတ်ချက်ရှိကြောင်းကို သူ မသိပေ။ သို့သော်လည်း ချင်နန်နောက်ထပ် မစဉ်းစားရသေးခင်မှာပင် ရီဖုန်သည် ကျောက်တုံး၏နောက်မှ ဒိုဂျိုသို့လျှောက်လှမ်းသွားသည်။

သူရွေးချယ်စရာမရှိဘဲ နောက်မှလိုက်သွားလိုက်သည်။

ဒိုဂျိုပေါ်၌ ကျင့်ကြံသူခြောက်ဆယ့်ငါးယောက်ရှိသည်။ ၎င်းတို့ထဲ၌ နှစ်ဆယ့်ငါး‌ယောက်သည် သိုင်းဘီဘင်အထွတ်အထိပ်အဆင့်ဖြစ်ပြီး ကျန်လူများမှာ သိုင်းဘီဘင်အဆင့်တစ်မှ အဆင့်ကိုးထိ အသီးသီးဖြစ်သည်။
ကျင့်ကြံသူများ၏ ရှေ့၌ ရွှေရောင်ဘုတ်ပြားတစ်ခုရှိနေပြီး ၎င်း၏ပေါ်၌ နာမည်များရေးထားသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now