1841 - 1845

209 17 0
                                    

အပိုင်း (၁၈၄၁) ရှေးဟောင်းတားမြစ်ချက်ပြန်ပေါ်လာလာခြင်း

       “ငါတို့နုံရန် မျိုးနွယ်စုက မရေမတွက်နိုင်တဲ့လူတွေကို စွန့်လွှတ်ပြီး နှစ်တွေအများကြီးကြာအောင်ရှင်သန်ပြီးမှ ဒီလိုအောင်မြင်မှုမျိုးရခဲ့တာ…သူဘယ်သူလဲဆိုတာ ဂရုမစိုက်ဘူး…သူက အင်မော်တယ်ထဲက တစ်ပါးဖြစ်ရင်တောင် သူလုပ်ခဲ့တဲ့ကိစ္စအတွက် ပြန်ပေးဆပ်ရမယ်"

      “သူ့လုပ်ရပ်ကို ငါသည်းခံမှာမဟုတ်ဘူး…ငါတို့ သူ့ကို သေချာပေါက် ပြန်ပေးဆပ်ခိုင်းရမယ်"

     “သူ့ကိုယ်သူ လုပ်ချင်တာလုပ်နိုင်မယ်လို့ ထင်နေတယ်ပေါ့…ငါတို့ဆီက အာရုံစူးစိုက်မှုချင်တာလား"

     “ကလန်ကလူတွေအားလုံးကို အသင့်ပြင် ထားခိုင်းလိုက်…မင်းတို့ငါးယောက်က ဘိုးဘေးကို အကူအညီသွားတောင်းဖို့ ငါနဲ့လိုက်ခဲ့"

    အချိန်တိုအတွင်းမှာပင် အဖွဲ့အစည်းကိုးခုသည် သူတို့၏ ကြောက်မက်ဖွယ်ရာစွမ်းအားနှင့် လွှမ်းမိုးမှုကို ပြသလိုက်သည်။
    

      “ဟား…ဟား…မင်းအသက်ရှင်လိမ့်မယ်လို့ ဘယ်သူထင်ထားမိမှာလဲ…တကယ်လို့ ဒီလိုဆိုမှတော့ ငါ့ မင်းရဲ့ အစွမ်းအစကို ကြည့်ရတာပေါ့"
       ကိုးကောင်းကင်အင်မော်တယ်ဘုံ၏ ကန္တာရကြီးတစ်ခုထဲတွင် အလွန်ကြီးမားသော ကန်တစ်ကန်ထဲမှ နဂါးလက်သည်းကြီးတစ်ခုထွက်လာသည်။ ကန်ထဲက အင်မော်တယ်တောင်အရွယ်အစားပမာ ပုံရိပ်တစ်ခု ပေါ်လာသည်။

      “အင်မော်တယ်ဆယ်ပါးအသက်ရှင်နေသေးတယ်လို့ ငါကြားခဲ့တယ်...သူတို့က မတူညီတဲ့ နည်းလမ်းတွေအသုံးပြုပြီး ဒီလောကကြီးထဲမှာ ရှင်သန်နေကြတာတဲ့…အစက သူပြောတာအမှန်ဖြစ်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး…ဘယ်လိုပဲဖြစ်ဖြစ် အတိတ်က ဖြစ်ခဲ့တဲ့ကိစ္စတွေကို ငါအရမ်းသိချင်တယ်…မင်းငါ့ကို အဖြေပေးနိုင်မယ်လို့ မျှော်လင့်ရတာပဲ"
       ကျယ်ပြောသည့် လျှို့ဝှက်ဆန်းကြယ်သော သမုဒ္ဒရာထဲက အလွန်ကျယ်လောင်သော အသံတစ်သံထွက်ပေါ်လာသည်။ အသံသည်  ရေထဲက မရေမတွက်နိုင်သောသားရဲများကို ထိတ်လန့်သွားစေသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now