အပိုင်း (၁၈၄၆) အန္တရာယ်နယ်မြေလော ရတနာနယ်မြေလော
ချင်နန် လုံး၀ ဆွံ့အသွားပြီး ပြောလိုက်သည်။
“ကျုပ် အဲလိုလုပ်နိုင်မှာမဟုတ်ဘူး…ကျုပ် ဒီနေရာက ထွက်သွားနိုင်တာ နတ်ဆိုးသွေးစက်ရှိလို့ပဲ…ကျုပ်ခင်ဗျားတို့ကို ဒီနေရာက ခေါ်ထုတ်သွားနိုင်မယ်လို့ မထင်ဘူး"ဆက်လက်ဖြစ်ပွားလာသည့်မြင်ကွင်းက ချင်နန်နှင့် အဓိပတိရူတောက်ကို လူတစ်ဦး၏ သဘောထား မည်မျှအပြောင်းအလဲမြန်ကြောင်း နားလည်သွားစေသည်။
ဆံပင်ပါးပါးအဘိုးအိုနှင့် သေရည်သမားအဘိုးအိုသည် ချက်ချင်းပင် စိတ်ပျက်သောမျက်နှာအမူအရာဖြင့်ဖြစ်သွားသည်။ သူတို့၏ မျက်လုံးများထဲတွင် အထင်သေးမှုများ ဖြစ်သွားပြီး သူတို့၏ မျက်နှာများ နက်မှောင်သွားကာ အစောကလို ရင်းနှီးသော သဘောထားမျိုးမရှိတော့ပေ။
“အဆုံးမှာတော့ သူက ဟန်ပြသက်သက်ပဲ"
ဆံပင်ပါးပါးနှင့် အဘိုးအို ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။သူသည် ဤနေရာတွင် အချိန်တစ်စက္ကန့်တောင် ပိုမနေချင်ပေ။ သူ့အတွက် မည်သည့်အကျိုးမျှ မရှိရုံသာမက သူ ဆက်နေလေလေ နေရာဒေသ၏ လွှမ်းမိုးမှုခံရကာ သူ၏ ကျင့်ကြံမှု အဆက်မပြတ် ကျဆင်းလာလေလေဖြစ်သည်။
“မင်းနတ်ဆိုးသွေးစက်ကို သန့်စင်ထားတယ်လို့ ပြောလိုက်တယ်မလား"
စာခြောက်ရုပ်သည် ချင်နန်ဆီ အလျင်အမြန် ရောက်လာပြီး သူ့ကို အနီးကပ် စစ်ဆေးလိုက်သည်။ သူ ခေါင်းညိတ်လိုက်၏။
“တကယ်ပဲ…ဒါက ဒီနေရာနဲ့ တစ်ထေရာတည်းတူညီတဲ့ ရှေးဟောင်းနတ်ဆိုးစွမ်းအင်ပဲ"“ကောင်လေး…မင်းငါ့ကို အစီအရင်တစ်ခုတည်ဆောက်ဖို့ ကူညီပေးပါလား…မင်းရဲ့ နတ်ဆိုးစွမ်းအင်နဲ့ဆို ငါအတားအဆီးကိုဖျက်ဆီးဖို့ အခွင့်အရေးရှိတယ်"
စာခြောက်ရုပ်က ထပ်ပေါင်းထည့်ကာပြောလိုက်သည်။
“စိတ်မပူပါနဲ့…မင်း ငါ့ကို ကူညီမယ်ဆို ငါမင်းကို ကျေးဇူးကြွေးပြန်ဆပ်မယ်လို့ ကတိပေးပါတယ်"ဆံပင်ပါးပါးအဘိုးအိုနှင့် သေရည်သမားအဘိုးအိုတို့၏ မျက်လုံးများ လင်းလက်သွားသည်။
ချင်နန်က အသုံးဝင်လိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။
YOU ARE READING
အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီး
Randomလန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ့်ဆုံးဖြစ်နေခဲ့ပါတယ်။ အဆင့်နိမ့် သိုင်းဝိညာဉ်ကြောင့် နံပါတ်တစ်ဂျီးနီးယပ် တစ်ယောက်အဖြစ်ကနေ အသုံးမကျတ...