၁၂၂၆ - ၁၂၃၀

393 36 0
                                    


အပိုင်း (၁၂၂၆) သိုင်းသစ်ပင်ကိုးပင်ကို ပေါင်းစည်းခြင်း
    
    ၀မ်ကျောက် စိတ်နှင့် ကိုယ်နှင့် ကင်းကွာစွာရှိနေသည်။
      တိုက်ပွဲရလဒ်မှာ သူမျှော်လင့်ထားသည့်အရာနှင့် လုံး၀ကွဲပြားခြားနားလို့နေသည်။

     တစ်ခဏကြာပြီးနောက် သူ၏ အတွေးများကို စုစည်းလိုက်ပြီး သုန်မှုန်သောမျက်နှာထားဖြင့် ရေရွတ်လိုက်သည်။
      “ချေး....ငါရှုံးသွားပြီ"

       ၎င်းမှာ အတော်ဆိုးရွားလှသည်။ သူကိုယ့်ထောင်ချောက်ကိုယ်မိခဲ့ခြင်းဖြစ်သည်။

      “ဟား…ဟား…ဒီလိုဆို မင်းဘာလုပ်ရမလဲဆိုတာသိလား"
    ချင်နန် ကြင်နာမှုမပြပေ။
     အကယ်၍ တိုက်ပွဲတွင် သူရှုံးသွားပါက သူသည်လည်း ကြင်နာမှုပြခံရလိမ့်မည်မဟုတ်ပေ။

      “ငါသိတယ်…ငါမင်းကို အရှင်နန်လို့ ခေါ်လို့ရမလား"
     ၀မ်ကျောက်၏ မျက်လုံးများ မျှော်လင့်ချက်တစ်စွန်းတစ်စဖြင့် အရောင်လက်သွားသည်။

      “မရဘူး"

      “အဖေလို့လည်း ခေါ်လို့မရဘူး"
     “မင်းသမီး ပြောထားသလိုပဲ…သူက ရုပ်ဆိုးတဲ့သားမလိုချင်ဘူးတဲ့"

      “အေးပါ…သ…သခင်"
     ၀မ်ကျောက် နီရဲသော မျက်နှာထားဖြင့် စကားလုံးများကို ကြိုးစားအားတင်း၍ ပြောလိုက်သည်။
      သူ၏ နှလုံးသားထဲ ရှက်ရွံ့မှုများ ပြည့်နှက်နေသည်။
       ပြိုင်ဘက်ကင်းပါရမီနှင့် ကျော်ကြားသော ၀မ်ကျောက်၊ မကြာခင်၌ ကန်းလန်ဘုရင်ဖြစ်တော့မည့်သူသည် သူ့ဘ၀တစ်လျှောက်လုံး ဤကဲ့သို့ အရှက်ကွဲမှုနှင့် ကြုံရလိမ့်မည်ဟု မည်ကဲ့သို့ ထင်ထားပါမည်နည်း။
    ဖြစ်နိုင်ပါက သူသည် တွင်းတစ်တွင်းတူးကာ ဆင်းပုန်းချင်နေသည်။

     သူ၏ တုံ့ပြန်မှုအား ကြည့်ကာ ချင်နန် ပြုံးလိုက်သည်။
     “မဆိုးဘူး…နာခံမှုရှိတယ်…ငါမင်းကို ပြောရဦးမယ်…လူတိုင်း ငါ့ကို သခင်လို့ခေါ်ခွင့်မရှိဘူး…မင်းက ဒုတိယမြောက်ပဲ"

     “ပထမတစ်ယောက်ရှိတာလား"
    ၀မ်ကျောက် အတော်လေးရှုပ်ထွေးသွားသည်။
     သူက ပထမတောင် မဖြစ်နိုင်ဘူးလား....

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now