၁၅၅၆ - ၁၅၆၀

399 35 0
                                    

အပိုင်း (၁၅၅၆) စစ်မြေပြင်ထဲ၀င်ခြင်း

     အသံနှင့်အတူ ထူးဆန်းသော အပြာရောင်၀တ်စုံကို၀တ်ဆင်ထားသည့် ခါးကုန်းအဘိုးအိုတစ်ယောက် ဖြည်းလေးစွာ လျှောက်လှမ်းလာသည်။ သူ့သည် သူ၏ အသွင်အပြင်ကို ဖုံးကွယ်ထားလိုဟန်ဖြင့် ခေါင်းစွပ်စွပ်ထားသည်။

      အဘိုးအို၏ ခြေလှမ်းတိုင်းသည် လေလှိုင်းဂယက်များနေပြီး အရပ်မျက်နှာအသီးသီးသို့ ပျံနှံ့သွားသည်။ 

     အဘိုးအို၏ ကျင့်ကြံမှုသည် ကောင်းကင်နတ်ဘုရားအထွတ်အထိပ်အဆင့်သာဖြစ်သည့်တိုင် သူ၏ ခန္ဓာကိုယ်ထဲမှ နတ်ဘုရားစွမ်းအင်သည် သာမန်ကောင်းကင်နတ်ဘုရားအထွတ်အထိပ်အဆင့်ထက်များစွာ သန်မာကြောင်း ထင်ရှားသည်။ 

     အဘိုးအိုကို လူသားအင်မော်တယ်တစ်၀က်အဆင့်ဟုပြောနိုင်သည်။

      “ကျင့်ကြံသူ…ခင်ဗျားတစ်ယောက်တည်း ကောင်းကင်နတ်ဘုရားအဆင့်ခုနှစ်ယောက်ကိုရင်ဆိုင်ဖို့က နည်းနည်းအန္တရာယ်မများဘူးလား…ကျုပ်လည်းကူညီပေးပါ့မယ်…ကျုပ်ကို လျိုဟွမ်ကျောက်ဆယ်တုံးပဲပေးပါ"

    နက်စောက်သော အသံတစ်သံထွက်ပေါ်လာသည်။ ၎င်းမှာ မျက်နှာဖုံးတပ်ထားသည့် သက်လတ်ပိုင်းလူဖြစ်သည်။ သူသည် လူသားအသွင်ယူထားသည့် သားရဲတစ်ကောင်နှင့်တူညီပြီး သူ၏ ကျင့်ကြံမှုမှာ ကောင်းကင်နတ်ဘုရားအထွတ်အထိပ်အဆင့်ဖြစ်သည်။

      “ကျုပ်လည်းပါမယ်…ကျုပ်ကို ငါးတုံးပဲပေးပါ"

   

      “ကျုပ်ကို သုံးတုံးပဲပေးပါ"

     ခဏကြာပြီးနောက် အခြားလူသားနတ်ဘုရားအထွတ်အထိပ်အဆင့်နှစ်ယောက် ရောက်လာသည်။

       လုံလောက်သော အကျိုးအမြတ်များနှင့်ဆိုပါက တစ်စုံတစ်ယောက်သည် ပြိုင်ဘက်ကင်းအုပ်စိုးသူတစ်ယောက်ကိုပင် သူတို့ဘက်ပါအောင်ဆွဲဆောင်နိုင်သည်။

      ကောင်းကင်နတ်ဘုရားအဆင့်တစ်ယောက်ဆိုပါက စကားထဲထည့်ပြောစရာမလိုပေ။

     ဖမ်းအင်ပါယာလေး၀မ်ရှောင်မှာ ကြောက်မက်ဖွယ်ရာရန်သူတစ်ယောက်ဖြစ်သည့်တိုင် သူတို့သည် ရှန်ရှင်ထျန်အင်မော်တယ်ဘုံငယ်မှ အလွယ်တကူထွက်သွားခြင်း သို့မဟုတ် သူတို့ယနေ့ကိစ္စပြီးဆုံးသည့်နောက် သူတို့၏ အထောက်အထားကို ပြောင်းလဲခြင်းတို့ ပြုလုပ်နိုင်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now