၁၆၅၁ - ၁၆၅၅

385 26 0
                                    


အပိုင်း (၁၆၅၁) ကျီဟူနှင့် တဖန်ပြန်တွေ့ခြင်း

     အသက်ရှိုက်အနည်းငယ်ကြာပြီးနောက် ပုံရိပ်ယောင်နဂါးကိုးကောင်ထဲက သီးခြားနေရာလွတ်တစ်ခုတွင်…

     “ငါတို့…ငါတို့တကယ်လုပ်နိုင်ခဲ့တာလား"
     ၀မ်ရှောင်သည် သူ့ရှေ့က လုံး၀ကွဲပြားခြားနားသော မြင်ကွင်းကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေသည်။
      “ငါတို့လုပ်နိုင်ခဲ့တယ်…ဒါပေမဲ့ ငါတို့အဲဒီကိုမရောက်သေးဘူး"
     ချင်နန် သူ၏ အော်ရာကိုရုပ်သိမ်းကာ တည်ငြိမ်စွာဖြင့်ပြောလိုက်သည်။

     သူသည် ကျယ်ပြောသောကွင်းပြင်၊ ကြီးမားသောတောအုပ်နှင့် သာမန်သာဖြစ်သော တောင်များစွာကို မြင်တွေ့နေရသည်။
    သို့သော်လည်း ပတ်၀န်းကျင်တွင် အသက်စွမ်းအင်တစ်ခုမှ မရှိကြောင်းကို သူ သတိထားမိသည်။
     သူကြည့်နေသည့်မြင်ကွင်းမှာ ပုံရိပ်ယောင်တစ်ခုသာဖြစ်သည်။

      “ဟုတ်လောက်တယ်"
     ၀မ်ရှောင်သည် တစ်စုံတစ်ခုမှားယွင်းနေကြောင်းကို နားလည်လိုက်သည်။
      “တစ်နေရာရာမှာ ၀င်ပေါက်ရှိလိမ့်မယ်…ရှာကြရအောင်"
     သူ၏ မျက်လုံးများ ရွှေခရမ်းရောင်လက်သွားသည်။

      ချင်နန် ခေါင်းညိတ်လိုက်ပြီးနောက် စစ်နတ်ဘုရား၏ မျက်လုံးများကို သုံးကာ သူ၏ နတ်ဘုရားအာရုံကို ထုတ်လွှတ်လိုက်သည်။ သူသည် ရှေ့ကိုသွားကာ အကူအညီဖြစ်နိုင်မည့် သဲလွန်စကို ရှာဖွေလိုက်သည်။

       “ဟမ်"
     တစ်ခဏကြာပြီးနောက် သူတို့နှစ်ယောက် တုန်သွားသည်။
     သူတို့သည် မြစ်တစ်မြစ်၏ ဘေးသို့ရောက်လာကြသည်။ မြစ်သည် ပုံမှန်အတိုင်းရှိနေပြီး သူတို့သည် ဘာမှမမြင်နိုင်သည့်တိုင် သူတို့သည် တည်ရှိမှုတစ်ခုကို ခပ်ရေးရေးခံစားနေရသည်။
     ၎င်းသည် ကျင့်ကြံသူတစ်ယောက်၏ တည်ရှိမှုဖြစ်သည်။

      “ကံဆိုးခြင်းနတ်ဘုရားချင်နန်ဆိုတဲ့အတိုင်းပါပဲ…ကျွန်မရှင့်ကို အထင်ကြီးသွားပြီ"
     သူတို့၏ ဘေးက သာယာသောအသံတစ်သံနှင့်အတူ ရှည်လျားသော ခရမ်းရောင်၀တ်စုံ၀တ်ဆင်ထားသည့် လှပသော အမျိုးသမီးတစ်ယောက် ထွက်ပေါ်လာသည်။
      သူမ၏ မျက်လုံးများမှာ ချင်နန်ကို စိုက်ကြည့်နေလျက်ရှိသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးNơi câu chuyện tồn tại. Hãy khám phá bây giờ