၁၅၆၁ - ၁၅၆၅

406 34 0
                                    

အပိုင်း (၁၅၆၁) ကျွန်းတိုက်ပွဲ

     “ဒါ…ချင်နန်မလား"
     ကျောက်လှေသုံးစီးတွင် ပြိုင်ဘက်ကင်းအုပ်စိုးသူများအုပ်ချုပ်သည့်အဖွဲ့အစည်းများ၏ အတွင်းစည်းတပည့်များရှိသည်။ သူတို့သည် ချင်နန်ကို အံ့အားသင့်စွာဖြင့် စိုက်ကြည့်လိုက်ကြသည်။

     “ကျင့်ကြံသူတို့…ကျုပ်တို့ ဒီကျွန်းအတွက် တစ်ယောက်နဲ့ တစ်ယောက်မယှဉ်ပြိုင်ခင် အတူပူးပေါင်းပြီး သူတို့ကိုအနိုင်ယူရအောင်"
     အတွင်းစည်းတပည့်တစ်ယောက် ချက်ချင်းပင် ဆုံးဖြတ်ချက်ချ၍ အော်လိုက်သည်။

      “အတူပူးပေါင်းကြရအောင်"
     အခြားကောင်းချီးနေရာများအတွက် ယှဉ်လုဖို့ ထွက်သွားသော ကျောက်လှေတစ်စင်းမှတစ်ပါး ကျင့်ကြံသူများ၏ မျက်လုံးများ ပြတ်သားစွာဖြင့် တောက်ပသွားသည်။
    မျက်တောင်တစ်ခတ်အတွင်းမှာပင် သူတို့သည် ချင်နန်တို့နှစ်ယောက်ကိုဦးတည်၍ အင်မော်တယ်ပညာရပ်များ အသုံးပြုလိုက်ကြသည်။

      သူတို့တစ်ယောက်နှင့် တစ်ယောက် တိုက်ခိုက်နေသည်မှာ အတော်လေးကြာသွားပြီဖြစ်သောကြောင့် သူတို့၏ အဆောင်များနှင့် ရှေးဟောင်းပစ္စည်း တော်တော်များများ ကုန်သွားပြီဖြစ်သည်။ အကယ်၍ ယခုအချိန်မှ နောက်ဆုတ်လျှင် သူတို့အတွက် ဆုံးရှုံးမှုအကြီးကြီးဖြစ်လိမ့်မည်ဖြစ်သည်။

      “ငါတို့ အတူပူးပေါင်းပြီးချင်နန်ကိုဖမ်းမယ်…ပြီးရင် ဒီနေရာကနေချက်ချင်းထွက်သွားရအောင်"
     အတွင်းစည်းတပည့်များသည် တစ်ယောက်နှင့်တစ်ယောက်ဆက်သွယ်ကာ သဘောတူညီမှုတစ်ခု ရသွားကြသည်။

       ချင်နန်သည် လျိုဟွမ်ကျောက်များ၏ လျှို့ဝှက်ချက်ကိုပိုင်ဆိုင်သည်။ အကယ်၍ သူတို့သည် သူ့ထံက လျှို့ဝှက်ချက်များကို သိနိုင်လျှင် ၎င်းမှာ ကောင်းချီးနေရာတစ်ခုထက် အများကြီးပိုတန်ဖိုးရှိသည်။
     
       “သွေးအင်မော်တယ်ဆင်းသက်ခြင်း"
     သွေးမျက်လုံး‌မြေနတ်ဘုရားလှုပ်ရှားလိုက်ပြီး ပုံရိပ်ယောင်သွေးပုံရိပ်ကြီးတစ်ခုကို ထုတ်ဖော်လိုက်သည်။
     သူ၏ စွမ်းအား သိသိသာသာတိုးတက်သွားပြီး မရေမတွက်နိုင်သော သွေးရောင်အလင်းများကိုထုတ်လွှတ်ကာ သူတို့၏ ရှေ့တွင်ရှိသော မြေနတ်ဘုရားအဆင့်ရှစ်အထက်ကျင့်ကြံသူ ဆယ်ယောက်ကျော်ကို တားဆီးလိုက်သည်။
      သူသည် တခြား ကျောက်လှေဆီ ခုန်သွားလိုက်သည်။
      ထို့ကြောင့် သူတို့၏ ကျောက်လှေပေါ်တွင် ချင်နန်တစ်ယောက်တည်းသာရှိတော့သည်။
     ကျန်ရှိသော ကျင့်ကြံသူများမှာ ချင်နန်ကို လျစ်လျူရှုလိုက်ကြသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now