1696 - 1700

255 27 0
                                    

အပိုင်း (၁၆၉၆) ပုံစံခုနှစ်ခုမျိုး၏ အပြောင်းအလဲ

     ဒိုဂျိုတွင် စုစုပေါင်းကျင့်ကြံသူနှစ်ရာရှစ်ဆယ့်သုံးယောက်ရှိသည်။
     သူတို့ထဲတွင် ပြိုင်ဘက်ကင်းပါရမီရှင်အရေအတွက်မှာ ခုနှစ်ဆယ့်သုံးယောက်ဖြစ်၏။

      “သတ်ကြ"
   လူသားအင်မော်တယ် ဒုတိယအဆင့်နှင့် တတိယအဆင့် ကျင့်ကြံသူ အနည်းငယ်သည် ရုတ်တရက်အော်လိုက်ပြီး သူတို့၏ အင်မော်တယ်ပညာရပ်များကို အသုံးပြုလိုက်ကြသည်။

       သူတို့ တိုက်ပွဲတွင် အနိုင်ရဖို့ဖို့အတွက် သို့မဟုတ် ကြာကြာနေနိုင်ဖို့အတွက် သူတို့သည် ကသောင်းကနင်းဖြစ်အောင် အရင်လုပ်ရမည်ဖြစ်ကြောင်း ရှင်းလင်းစွာသိသည်။

     သန်မာသောသတ်ဖြတ်ခြင်းအော်ရာများသည် နေရာတစ်ခွင်ကို လွှမ်းခြုံသွားသည်။
     ကျင့်ကြံသူများသည် အငိုက်ဖမ်းတိုက်ခိုက်ခံလိုက်ရသည်။ သူတို့အတွက် ပြန်လည်တိုက်ခိုက်ရုံမှတစ်ပါး တခြားရွေးချယ်စရာမရှိခဲ့ပေ။

     ၀ရုန်းသုန်းကား တိုက်ပွဲတစ်ခုဖြစ်ပွားလာသည်။

     ဝှစ်…

    လူများစွာ ချင်နန်ကို အာရုံစိုက်လိုက်ကြသည်။ ထိုလူများထဲတွင် ဝူဟွေရှန်၊ ဟွမ်ဖူဟို၊ စီမရွှမ်ပိုင်၊ ကျောက်လိကျန်၊ ဓားနတ်ဘုရားဝူဟန်၊ လုံချန်၊ အခြားပြိုင်ဘက်ကင်းပါရမီရှင်များနှင့် လူသားအင်မော်တယ်တို့ပါသည်။
     သူတို့အားလုံးသည် ချင်နန်နှင့် တိုက်ခိုက်ဖို့စောင့်ဆိုင်းခဲ့သည်မှာ ကြာပြီဖြစ်သည်။ အချို့မှာ သူတို့ အထက်လူကြီးများ၏ အမိန့်ကိုနားထောင်ကာ ချင်နန်ကို သတ်ဖို့လာခဲ့ကြခြင်းဖြစ်သည်။

     “ချင်နန်ကို အားလုံးက ပစ်မှတ်ထားနေကြတယ်"
    ပွဲကြည့်သူများ၏ ခန္ဓာက်ိုယ်များ တောင့်တင်းသွားသည်။

       မန်ကျိုးကုန်၊ ပြိုင်ဘက်ကင်းအုပ်စိုးသူများနှင့် အစွမ်းထက်ပုဂ္ဂိုလ်များပင် ချင်နန်ကို အာရုံစိုက်လိုက်ကြသည်။

      ချင်နန်သည် သူတို့၏အာရုံကို ဖမ်းစားခဲ့သည်။ သူတို့သည် ချင်နန်၏ စွမ်းအားကိုမြင်ဖို့ စောင့်ဆိုင်းနေသည်မှာ ကြာပြီဖြစ်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now