1856 - 1860

187 19 0
                                    

အပိုင်း (၁၈၅၆)

     “ကောင်းကင်နဲ့ မြေပြင်ရဲ့ တောင်ပိုင်း အဓိပတိ"
     အဓိပတိတောင်ပိုင်းလောက၏ အော်သံနှင့်အတူ သူ၏ နောက်မှ ဂိတ်တံခါးကြီးသည် တုန်ခါသွားပြီးနောက် အလင်းတန်းတစ်ခု ပစ်လွှတ်ကာ သတ်ဖြတ်ခြင်းစွမ်းအင်ကို ဖျက်ဆီးလိုက်သည်။
      သူ လက်ဟန်သင်္ကေတစ်ခုပြုလုပ်လိုက်ချိန်၌ ခမ်းနားသောဂိတ်တံခါးကြီးသည် ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ ပျံသန်းသွားပြီး ၎င်း၏ စွမ်းအင်ကိုထုတ်ဖော်ကာ အလွန်ကြီးမားသော အစီအရင်သုံးခုကို စုစည်းလိုက်သည်။
      ပြင်းထန်သော ပေါက်ကွဲသံများနှင့်အတူ နေရာတစ်ခွင်လုံး လှုပ်ခါလာသည်။
     အစီအရင်၏ သင်္ကေတများ ဆက်တိုက်ပျက်စီးသွားသည်။

     သို့သော်လည်း မကြာခင်၌ အစီအရင်၏ သင်္ကေတများ ပြန်ပေါ်လာပြီး တူညီသော အစီအရင်တစ်ခုအဖြစ် ပြန်လည်ပေါင်းစပ်သွားသည်။

        “အလိုလို ပြန်ပြင်နိုင်တဲ့ အစီအရင်လား…ဒါကတော့ နည်းနည်းလေး များသွားပြီ"
      အဓိပတိတောင်ပိုင်းလောက၏ မျက်နှာ အနည်းငယ်နက်မှောင်သွားသည်။ သူသည် သူ၏ ဘယ်ဘက်လက်ဖြင့် သင်္ကေတတစ်ခုပြုလုပ်လိုက်ပြီး နတ်ဆိုးသင်္ကေတများထိုးထွင်းထားသည့် လှံကြီးတစ်ချောင်းကို သူ၏ ညာဘက်လက်ဖြင့် ထုတ်ယူကာ အစွမ်းထက်လှံသိုင်းပညာတစ်ခုကို အသုံးပြုလိုက်သည်။
     ခဏကြာပြီးနောက် အဓိပတိတောင်ပိုင်းလောကနှင့် လုံရွှမ်လင်သည် ကျယ်လောင်စွာအော်၍ နောက်ဆုံးတွင် အစီအရင်များထဲက ထွက်လာနိုင်ခဲ့သည်။

    အထူးသဖြင့် အဓိပတိတောင်ပိုင်းလောက၏ နဖူးပေါ်တွင် ချွေးများစို့နေသည်ကို မြင်သောအခါ လုံရွှမ်လင် စိတ်သက်သာရာရသွားသည်။ သူ ရေရွတ်လိုက်၏။
       “ကံကောင်းတာက ချင်နန်က အဓိပတိတောင်ပိုင်းလောကရဲ့ ရန်သူလည်း ဖြစ်နေတာပဲ…မဟုတ်ရင် ငါ ချင်နန်ကို သတ်နိုင်မှာမဟုတ်ဘူး"

     ထိုအချိန်၌ အဓိပတိတောင်ပိုင်းလောက၏ စိတ်ထဲတွင် ဘာအတွေးမှ မရှိပေ။  သူ အစီအရင်များထဲက ထွက်လာပြီးနောက် သူ၏ မျက်လုံးသည် ရှေ့ကထွက်ပေါ်နေသော အပြာရောင်အလင်းတစ်ခုကို ကြည့်နေသည်။ သူသည် လှံဖြင့် ဆက်လက်တိုက်ခိုက်တော့မည်ဖြစ်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now