၁၆၆၆ - ၁၆၇၀

325 30 0
                                    

အပိုင်း (၁၆၆၆) ကြမ္မာကောင်းခန္ဓာ

     ခါးထိတိုင်အောင် ရှည်လျားသောဆံပင်နှင့်   ရွှေရောင်အဖိုးတန်၀တ်ရုံရှည်၀တ်ဆင်ထားသည့် လူငယ်တစ်‌ယောက် ခန်းမထဲ၀င်လာသည်။
     လူငယ်သည် မည်သည့်အော်ရာမှ မရှိသော်လည်း အကြောင်းအရင်းတချို့ကြောင့် သူရောက်လာချိန်၌ နွေးထွေးမှုအငွေ့အသက်တချို့နှင့်အတူ ခန်းမက အနည်းငယ်ပိုတောက်ပလာသည်။
       ရှိနေကြသော လူများသည် သူ၏ အနီးသို့ ကပ်ချင်နေကြသည်။ သို့သော်လည်း မည်သူမျှ ထိုသို့ မလုပ်ရဲပေ။
     လူငယ်၏ မာနသည် သူ့အရိုးများထဲက လာခြင်းဖြစ်သည်။

      “နှုတ်ခွန်းဆက်ပါတယ်…သခင်လေး…"
       ကိုးကောင်းကင်ရွှေအင်မော်တယ်နန်းတော်ပြိုင်ဘက်ကင်းပါရမီရှင်များနှင့် မဟာအကြီးအကဲများ လက်သီးစုကာ ပြောလိုက်သည်။

      “သခင်..... သခင်လေးလား"
    ခန်းမထဲက လူအများစုအံ့ဩသွားသည်။

     ကိုးကောင်းကင်ရွှေအင်မော်တယ်နန်းတော်သည် ကိုးကောင်းကင်အင်မော်တယ်ဘုံ၏ အဓိပတိတာအိုအင်အားစုဆယ့်သုံးခုထဲမှ တစ်ခုဖြစ်သည်။ ထို့ကြောင့် ၎င်း၏ သခင်လေးသည် ပြိုင်ဘက်ကင်းအုပ်စိုးသူတစ်ယောက်၏ အဆင့်အတန်းထက် သိသိသာသာသာလွန်သည်။
      ထိုကဲ့သို့အဆင့်အတန်းရှိသူသည် အဘယ်ကြောင့် ဤနေရာကို လူကိုယ်တိုင်လာရပါသနည်း…

       “ကိုးကောင်းကင်ရွှေအင်မော်တယ်နန်းတော်ရဲ့ သခင်လေးလား… ဒီတော့မင်းက မန်ကျိုးကုန်ပေါ့"
      တခြားအဓိပတိတာအိုအင်အားစု၏ အဆင့်မြင့်ပုဂ္ဂိုလ်များ၊ လျိုရန်နှင့် အခြားပြိုင်ဘက်ကင်းပါရမီရှင်များလည်း အံ့ဩသွားသည်။

      “မန်ကျိုးကုန်"
    ရှုရှန်ကျီ၏ မျက်လုံးထဲ အံ့အားသင့်မှုများ ယှက်ပြေးသွားသည်။ သို့သော်လည်း သူမသည် သူမ၏ အတွေးများကိုစုစည်းကာ ချင်နန်၊ ချိူးဟုန်နှင့် အခြားသူများကို အသံပို့လွှတ်လိုက်သည်။

      “ ကိုးကောင်းကင်ရွှေအင်မော်တယ်နန်းတော်ရဲ့ နန်းတော်သခင်မှာ သားနှစ်ယောက်ရှိတယ်…အကြီးဆုံးသားက မန်ကျင်းရှန်ဖြစ်ပြီး ထူးထူးခြားခြားပါရမီရှင်တစ်ယောက်ပဲ…ဒုတိယသားကတော့ မန်ကျိုးကုန်  ကိုးကောင်းကင်ရွှေအင်မော်တယ်နန်းတော်ရဲ့ဆက်ခံသူပေါ့"

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now