၁၂၂၁ - ၁၂၂၅

403 34 0
                                    


အပိုင်း (၁၂၂၁) လွတ်မြောက်ခြင်း

     ချင်နန် ချက်ချင်းဦးရေထုံသွားပြီး သူ၏ နှလုံးသားထဲ အေးစက်မှုများ ပေါ်ပေါက်လာသည်။ သူသည် လက်ချောင်းနှင့် ရင်ဆိုင်ရချိန်၌ သူ့ကိုယ်သူ ပုရွက်ဆိတ်တစ်ကောင်ပမာ ခံစားနေရသည်။
     အကယ်၍ လက်ချောင်းသာ သူ့ခန္ဓာကိုယ်ပေါ် ကျရောက်လာပါက သူ  ပေါက်ကွဲသွားလိမ့်မည်ဖြစ်သည်။

     “စစ်နတ်ဘုရား၏ ပထမပုံစံ…"
    “သိုင်းသစ်ပင်တွေ.... ဖျက်ဆီးခြင်းနယ်မြေ"
     ချင်နန်၏ ခန္ဓာကိုယ်မှ တိုက်ခိုက်ချင်စိတ်များ ထွက်ပေါ်လာပြီး အကန့်အသတ်သို့ ရောက်ရှိလာသည်။ ဖျက်ဆီးခြင်းသိုင်းသစ်ပင်နှင့် စစ်နတ်ဘုရားသိုင်းသစ်ပင်ခြောက်ပင် အစီအရီ ထွက်ပေါ်လာသည်။
       သိုင်းသစ်ပင်ခုနှစ်ပင်မှ အလွန်နက်မှောင်သော အလင်းတစ်ခု ထွက်ပေါ်လာသည်။
       အမှောင်ထုထဲ၌ ကောင်းကင်ဖောက်လက်ချောင်း ဖျက်ဆီးခြင်းနယ်မြေပေါ်သို့ ကျရောက်လာသည်။
     အသက်သုံးရှိုက်အတွင်းမှာပင် ဖျက်ဆီးခြင်းနယ်မြေ ပျက်စီးသွားပြီး သိုင်းသစ်ပင်ခုနှစ်ပင် ချင်နန်၏ ခန္ဓာကိုယ်ထဲ ပြန်၀င်သွားသည်။
    ကျန်ရှိသော အင်အားများ ရှေ့သို့ ဆက်တိုး၀င်လာသည်။ သို့သော်လည်း ချင်နန်သည် ၎င်းကို ပြင်ဆင်ပြီးသားဖြစ်သဖြင့် သူ၏ ဘယ်ဘက်လက်ကို ဒိုင်းသဖွယ် အသုံးချလိုက်သည်။

     ကောင်းကင်ထက်၌ ကျယ်လောင်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားသွားပြီး အလင်းများစွာ ပြန့်ကျဲသွားသည်။

     “သူ သေပြီလား"
     ကောင်းကင်တောင်ပိုင်းထွတ်မြတ်နယ်မြေမှ သိုင်းဘုရင်၏ မျက်ခုံးများ  အနည်းငယ်ပင့်တက်သွားသည်။

    “အဖော်မဲ့ကောင်းကင်ဆေဘာသိုင်း"
    ကျယ်လောင်သောအော်သံနှင့် အတူ ချင်နန် အလင်းများထဲမှ ခုန်ထွက်လာပြီး ပိုင်းချက်တစ်ခု ပစ်လွှတ်လိုက်သည်။

     “အသက်ရှင်နေသေးလား…မင်းရဲ့ ဆေဘာချက်က အတော်လေး အစွမ်းထက်ပါတယ်…ဒါပေမဲ့ သိုင်းဘုရင်တစ်‌ယောက်အတွက် အသုံးမ၀င်ဘူး"
     ကောင်းကင်တောင်ပိုင်းထွတ်မြတ်နယ်မြေမှ သိုင်းဘုရင် အနည်းငယ်အံ့ဩသွားသည်။ မကြာခင်၌ သူ၏ အတွေးများကို စုစည်းလိုက်ပြီး သူ၏ လက်ချောင်းလှုပ်ယမ်းသွားသည်။ ချင်နန်ဆီသို့ ကြီးမားသော မုန်တိုင်းတစ်ခု တိုး၀င်သွားသည်။
      တိုက်ခိုက်မှုကို ကောင်းကင်ဝါးမျိုခြင်းမုန်တိုင်းဟု ခေါ်သည်။ မုန်တိုင်းမှာ သာမန်လေဖြင့် ဖန်တီးထားခြင်းမဟုတ်ဘဲ ရွှမ်သုံးလေဖြင့် ဖန်တီးထားခြင်းဖြစ်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now