၁၄၇၆ - ၁၄၈၀

373 37 1
                                    


အပိုင်း (၁၄၇၆) နိုင်လွန်မင်းထက်မြင်ကွင်း

    “နတ်ဘုရားဖျက်ဆီးခြင်းဆေဘာ"

   လုရှူသည် ထိုနေရာ၌ ရပ်တန့်သွားခြင်းမရှိပေ။ သူမသည် လေဟာနယ်ထဲမှ ကျန်ဆယ်ချီရှည်သည့် ပုံရိပ်ယောင်ဆေဘာတစ်ချောင်းကို ဆုပ်ကိုင်လိုက်ပြီး သိုင်းဘုရင်များထဲ လူးလွန့်လှုပ်ရှားကာ သူတို့ကို ခုတ်ပိုင်းလိုက်သည်။

     ဘန်း…ဘန်း…ဘန်း…

     ရှေးဟောင်းသိုင်းဘုရင်များသည် သာမန်လူများပမာပင် ခုခံကာကွယ်နိုင်စွမ်းမရှိပေ။ သူတို့သည် ချက်ချင်းပင် ဆေဘာစွမ်းအင်များကြောင့် အဆက်မပြတ်နောက်ဆုတ်လိုက်ရပြီး သူတို့၏ ခန္ဓာကိုယ်များပေါ်တွင် ပြင်းထန်သော ဒဏ်ရာများ ဖြစ်ပွားသွားသည်။

        “ချေးပဲ…နောက်ဆုတ်ကြ"

    ခေါင်းဆောင်များသည် သူတို့၏ နှလုံးသားထဲ အေးစိမ့်စိမ့်ဖြစ်ကာ တုန်လှုပ်သွားသည်။

     သူတို့သည် တိုက်ပွဲတွင် ဆက်နေရဲခြင်းမရှိတော့ပေ။

     “သူက အသက်ဆယ်ရှိုက်ကျော်အတွင်းမှာပဲ သိုင်းဘုရင်ဆယ်ယောက်ကျော်ကို သတ်ပစ်လိုက်ပြီ"

    ဂျီးနီးယပ်သိုင်းဘုရင်များနှင့် အခြားတောင်များပေါ်မှ ကျင့်ကြံသူများ အလွန်တုန်လှုပ်သွားသည်။ ၎င်းမှာ တိုက်ပွဲတစ်ပွဲမဟုတ်တော့ဘဲ တစ်ဖက်သတ် သတ်ဖြတ်ခြင်းဖြစ်သည်။

    ထို့ပြင် အမျိုးသမီးသည် သူမ၏ အစွမ်းအပြည့်အ၀ကို ထုတ်သုံးသေးပုံမရပေ ။

     သူမ၏ အစွမ်းအပြည့်အ၀ကို ထုတ်သုံးလျှင် သူမသည်သိုင်းဘုရင်မည်မျှများများကို သတ်နိုင်မည်နည်း…

     အဓိကအချက်အနေဖြင့် သူမလူစုထဲမှ အခြားသူများ၏ ကျင့်ကြံမှုသည် သူမနှင့်တစ်တန်းတည်းဖြစ်ပြီး သူတို့ထဲကတစ်ယောက်သည် သူမထက်ပင် ပိုသန်မာသည်။

     “ရှင်တို့ ပုရွက်ဆိတ်တွေက ကျွန်မဆီက လွတ်နိုင်မယ်လို့ ထင်နေတာလား"

     လုရှူသည် ကြောက်မက်ဖွယ်ရာအော်ရာတစ်ခုကို ထုတ်ဖော်လိုက်ပြီး သူမ၏ အစွမ်းအပြည့်အ၀နှင့် တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။ သူမသည် သူတို့၏ သိုင်းဘုရင်သွေးများကို မြစ်တစ်စင်းအဖြစ်ပြောင်းလဲကာ ထိုပုရွက်ဆိတ်များကို အလွန်ကြောက်ရွံ့အောင် လုပ်ချင်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now