1976 - 1980

160 8 2
                                    

အပိုင်း (၁၉၇၆)

     ရှောင်ယန် ဂွန်ယောင်ကို ကြည့်ပြီးနောက် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
      “ကျုပ်တို့ လောင်ဂူးနဲ့ စင့်မာခေါင်ကိုတားဖို့နည်းလမ်းတစ်ခုရှာသင့်တယ်လို့ထင်တယ်"

    ဂွန်ယောင် သက်ပြင်းချ၍ ပြောလိုက်သည်။
     “ညီလေးရှောင် အဲကိစ္စကို ထားလိုက်ပါ"

    ရှောင်ယန် အံ့ဩသွားသည်။
     “အစ်ကိုယောင် အစ်ကိုဘာကိုဆိုလိုတာလဲ…သူတို့က ထောင်ချောက်ထဲ တိုးဝင်သွားမယ်ဆိုတာ သိသာတာကို…တကယ်လို့ ကျုပ်တို့ သူတို့အစီအစဉ်အတိုင်း လုပ်ခိုင်းမယ်ဆိုရင်."

    ဂွန်ယောင် ချင်နန်ကို လက်ညှိုးထိုးပြလိုက်သည်။

    ရှောင်ယန် ချင်နန်ကို ရှုပ်ထွေးစွာဖြင့်ကြည့်လိုက်သည်။

    ချင်နန် ပခုံးတွန့်၍ ပြောလိုက်သည်။
    “ဒါပြန်ပေးဆွဲတာပဲ…အချိန်တန်မှ ငါသူတို့ကို ကူညီလိုက်မယ်"

      ဂွန်ယောင် သူ၏ လက်များကို ဖြန့်လိုက်သည်။
     “ဒါက ထောင်ချောက်ဆိုတာသိရင်တောင် တစ်စုံတစ်ယောက်က လောင်ဂူးနဲ့စင့်မာခေါင်ကို ကူညီဦးမှာပဲ"

    ဂွန်ယောင်သည် ချင်နန်၏ စရိုက်နှင့် အလွန်အကျွမ်းတဝင်ရှိသည်။
     လောင်ဂူးနှင့်စင့်မာခေါင်တို့၏ လုပ်ရပ်မှားသည့်တိုင် ချင်နန်သည် လောင်ဂူးနှင့် စင့်မာခေါင်တို့ဘက်ရပ်ဖို့ တွန့်ဆုတ်နေလိမ့်မည်မဟုတ်ပေ။
       ထိုအရာအားလုံးမှာ လောင်ဂူးက အရှင်ယုဖန်၏ သမီးနှင့် ’ချစ်ကျွမ်း၀င်‌နေတယ်'ဟူသောစကားကြောင့် ဖြစ်သည်။

       အရှင်ယုဖန်၏ သမီးက လောင်ဂူးအပေါ် ခံစားချက် ရှိနေသရွေ့ မည်သည့်ထောင်ချောက်ရှိရှိ ချင်နန်က လောင်ဂူးကို ကူညီဖို့တွန့်ဆုတ်နေလိမ့်မည်မဟုတ်ပေ။

     ရှောင်ယန် ချောင်းဆိုးသွားသည်။
     “အစ်ကိုချင် အစ်ကိုကအစွမ်းထက်တယ်ဆိုတာသိပါတယ်…ဒါပေမဲ့ တိုင်ကောင်းကင်နန်းတော်နဲ့ တပိုင်ဂိုဏ်းတို့ ပူးပေါင်းထားရင် အရမ်းစွန့်စားရာကျတယ်…တကယ်လို့ ကျုပ်တို့ကူညီမယ်ဆို အစီအစဉ်ဆွဲမှ ဖြစ်မယ်ထင်တယ်"

You've reached the end of published parts.

⏰ Last updated: Mar 31 ⏰

Add this story to your Library to get notified about new parts!

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now