၁၁၉၁ - ၁၁၉၅

419 37 0
                                    


အပိုင်း (၁၁၉၁) ချီလင်သွေးဒိုဂျို

       ချီလင်တောင်၏ အခြားဘက်၌…

      ချင်နန်နှင့် ရီဖုန်တို့ ချီရွယ်ဟုန်တို့ လူစု၏ အဝေးသို့ ပျံသန်းလာနိုင်ခဲ့သည်။
      အမွှေးတိုင်တစ်တိုင်ကုန်စာခန့်ကြာပြီးနောက် သူတို့နှစ်ဦးသား အရှိန်ကို လျှော့လိုက်သည်။

       “ဟမ်"
      ချင်နန်၏ မျက်ခုံးများ အပေါ်ကိုပင့်တက်သွားသည်။

      သူနှင့် မနီးမဝေးတွင်ရှိသော လွင်ပြင်ကြီးထဲ၌ သိုင်းဘီဘင်အထွတ်အထိပ်အဆင့်သုံးယောက်၊ သိုင်းဘီဘင်အဆင့်ရှစ်နှစ်ယောက်နှင့် သိုင်းဘီဘင်အဆင့်ခုနှစ်တစ်ယောက် တစ်စုံတစ်ခုကို တိုက်ခိုက်နေသည်။
      လွင်ပြင်တစ်ခုလုံးအား အနက်ရောင်သွေးအတားအဆီးတစ်ခု လွှမ်းခြုံနေသည်။
     ၎င်း၏ ၀င်ပေါက်၌ အနီရောင်အစီအရင်များရှိနေပြီး အလွန်အန္တရာယ်များသော ခံစားချက်ကို ပေးစွမ်းသည်။ သိုင်းဘီဘင်အထွတ်အထိပ်အဆင့်ကျင့်ကြံသူများပင် ထိုနေရာသို့ ဂရုမစိုက်ဘဲ ကျူးကျော်ရဲလိမ့်မည်မဟုတ်ပေ။
     ကျင့်ကြံသူခြောက်ယောက်သည် အစီအရင်များကို တိုက်ခိုက်ဖျက်ဆီးနေပုံရသည်။

       “အခုအရပ်မျက်နှာအသီးသီးကလာတဲ့ အစွမ်းထက်အော်ရာတွေ အနည်းဆုံးသုံးဆယ်လောက်ရှိတယ်"
    ရီဖုန် သူ၏ ရေခဲနိုင်ငံမျက်လုံးဖြင့် ပတ်၀န်းကျင်ကို စစ်ဆေးပြီးနောက် ပြောလိုက်သည်။
     သူ၏ မျက်လုံးပညာရပ်သည် ချင်နန်လောက်အ‌စွမ်းမထက်သော်လည်း  ချင်နန်၏ မျက်လုံးထက် ပို၍ဝေးဝေးမြင်နိုင်သည်။

       “ကျင့်ကြံသူနှစ်ယောက်.... ဒီအတားအဆီးက တိုက်ခိုက်မှုမှန်သမျှကို ပြန်ကန်ထွက်အောင်လုပ်နိုင်တယ်…ဒါကြောင့်မလို့ ကျုပ်တို့ ဒီဥစ္စာကို အတင်းခွန်အားသုံးပြီး ဖျက်ဆီးလို့မရဘူး…တစ်ခုတည်းသော နည်းလမ်းက သင်္ကတအမှတ်အသားတွေနဲ့ အစီအရင်တွေကို ဖျက်ဆီးဖို့ပဲ…ခင်ဗျားတို့နှစ်ယောက် ကျုပ်တို့နဲ့ လာပူးပေါင်းပါလား"
    ကျင့်ကြံသူခြောက်ယောက်သည် သူတို့၏ တည်ရှိမှုကို သတိပြုမိပြီးနောက် ချက်ချင်းအော်လိုက်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now