1961 - 1965

86 4 0
                                    

အပိုင်း (၁၉၆၁)

        အဓိပတိပြောင်းလဲခြင်းလက်ဝဲဘုံ၏ နှစ်ဆယ့်လေးသူတော်စင်ဧရိယာတွင်…

     ချင်နန်၏ ပုံရိပ် ကောင်းကင်မှ ကျဆင်းလာပြီး မြေ‌ပြင်ပေါ်ဆင်းသက်လိုက်သည်။ သူ ချက်ချင်းပင် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
     အနက်ရောင်ကောင်းကင်တွင် ကြယ်များတလက်လက်တောက်ပနေသည်။  ထိုနေရာတွင်ခမ်းနားသောအော်ရာဖြင့် ရှေးဟောင်းတောင်တန်းများစွာရှိပြီး ကောင်းကင်မှ နှင်းများကျဆင်းနေသည်။

       ထူးဆန်းသည်မှာ နှင်းများက အေးသည်ဟု မခံစားရသလို မြေပြင်ပေါ်ကျပြီးနောက် အစုလိုက် ပုံလာသည်။
    ချင်နန် အနီးကပ်ကြည့်လိုက်သည်။ နှင်းပွင့်တိုင်းတွင် စာလုံးတချို့ပါပုံရသော်လည်း ဖတ်ဖို့အတွက် အလွန်မှုန်ဝါးနေသည်။

     ဝှစ်…

    ချင်နန်၏ ရှေ့တွင် ပုံရိပ်တစ်ခုပေါ်လာသည်။
     ပုံရိပ်မှာ ငါးကျန်မြင့်ပြီး ရွှေဖြင့် ပြုလုပ်ထားသည်။ သူ့တွင် အေးစက်သော မျက်လုံးများရှိပြီး လည်ပင်းတွင် ရှေးဟောင်းအဆောင်များရှိသည်။ သူ့ထံက မည်သည့်စွမ်းအင်တည်ရှိမှုကိုမျှ မခံစားရပေ။

     “လေးထောင့်ကိုးယောက်မြောက်ကျင့်ကြံသူ...ငါက ဒီမှာမင်းကိုလက်ခံမဲ့ ဝိညာဉ်သံတမန်ပဲ…ငါမင်းရဲ့ခန္ဓာကိုယ်ထဲကို စွမ်းအင်တစ်ခုထည့်ပေးမယ်…ဒါက မင်းရဲ့ခန္ဓာကိုယ်ကို ပိတ်ဆို့ပြီး မင်းရဲ့ အသိစိတ်ကို  မတူညီတဲ့နေရာတစ်ခုကိုပို့ဆောင်ပေးလိမ့်မယ်…မင်းဘယ်ကို ရောက်မလဲဆိုတာ မင်းရဲ့ ကံကြမ္မာအပေါ် မူတည်တယ်"
      “တကယ်လို့ မင်းတခြားနေရာမှာသေသွားရင် ဒီမှာလည်းသေသွားလိမ့်မယ်…မင်းဆက်လုပ်ချင်လား"
    ဝိညာဉ်သံတမန်က တည်ငြိမ်စွာပြောလိုက်သည်။ သူ၏ အသံထဲတွင် ခံစားချက် တစ်စုံတစ်ရာမရှိပေ။

      “ချင်နန် ကောင်းကင်ပြုပြင်ခြင်းအိုးရဲ့ ပိတ်ဆို့မှုကို ဖယ်လိုက်…ငါလည်းသွားမယ်…"
    ပျက်ကိန်း အလျင်အမြန် ပြောလိုက်သည်။ သူသည် တာအိုအဆင့်ကိုကျွမ်းကျင်ကာ သူ့စွမ်းအား၏ လေးဆယ်ရာခိုင်နှုန်း ပြန်ရနေပြီဖြစ်သည်။ ယခု၌ သူ့တွင် ကိုးကောင်းကင်အဓိပတိအဆင့်ကို တက်ဖို့ အခွင့်အရေးလည်းရှိသည်။
     ထို့ပြင် လက်ရှိအချိန်၌ ချင်နန်နှင့် အတူနေခြင်းက အန္တရာယ်များသည်။
    သူ့အတွက် သူ့ကံကို စမ်းဖို့ကြိုးစားခြင်းက ပိုကောင်းသည်။
    
     “ကောင်းပြီ"
    ချင်နန် ခေါင်းညိတ်လိုက်သည်။ သူကောင်းကင်ပြုပြင်ခြင်းအိုးကိုအသက်သွင်းလိုက်သည်။
    ပျက်ကိန်း ဘာလုပ်ရန် ကြိုးပမ်းနေကြောင်းကို သူ ခန့်မှန်းနိုင်သော်လည်း ပျက်ကိန်းက သူ့ကို အချိန်အတိုင်းအတာတစ်ခုထိ ကူညီခဲ့သည်။ ထို့ကြောင့် သူ ပျက်ကိန်းကို ကိုယ်ပိုင်ဆုံးဖြတ်ချက် ချခွင့်‌ပေးနိုင်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now