၁၁၂၁ - ၁၁၂၅

400 44 0
                                    


အပိုင်း (၁၁၂၁) ဘုရင်ဇာတာခွင်ပြိုင်ပွဲ (၈)

      ထောင်ချင်းစန့်နှင့် ကျန်းပိလန်တို့ ဘုရင်မွေးဖွားဇာတာခွင်တစ်ခုစီရမည်ဖြစ်ကြောင်း သေချာသည်။
     သူတို့ပြောနေသည့်အရာမှာ ဘုရင်မွေးဖွားဇာတာခွင်ဖြစ်သည်။

    မိတ်ဆွေပတ်သက်ဆက်ဆံရေးမှာ အရေးကြီးသော်လည်း ၎င်းသည်ဘုရင်မွေးဖွားဇာတာခွင်နှင့် နှိုင်းယှဉ်ပါက ဘာမျှ မဟုတ်ပေ။

     “ဟား…ဟား…ထောင်ချင်းစန့်…ခင်ဗျားက ချင်နန်ကို အရမ်းကာကွယ်ချင်နေမှတော့ ကျုပ်ဘုရင်မွေးဖွားဇာတာခွင်ကို ပျော်ပျော်ကြီးလက်ခံပေးရမှာပေါ့"
      တောက်ချန်ကျုံရယ်မောလိုက်ပြီး ဘုရင်မွေးဖွားဇာတာခွင်ဆီသို့ သွားလိုက်သည်။
       ရန်သူများကို ပြတ်ပြတ်သားသားရက်ရက်စက်စက်သတ်တတ်သော ထောင်ချင်းစန့်သည် ချင်နန်ကို အလွန်တန်ဖိုးထားလိမ့်မည်ဟု သူ လုံး၀မထင်ခဲ့ပေ။

    “သေမင်းကျင့်ကြံသူက ဘုရင်မွေးဖွားဇာတာခွင်ကို လက်လွှတ်လိုက်တာလား"
    ကောင်းကင်ယင်တာအိုရှင် အလွန်ပျော်သွားပြီး ချက်ချင်းပင် အခြားဂျီးနီးယပ်များကို တိုက်ခိုက်လိုက်သည်။

      သေမင်းကျင့်ကြံသူမရှိဘဲ မည်သူမျှ သူကို တားနိုင်လိမ့်မည်မဟုတ်ပေ။

      “သူတို့ရူးနေတာလား…"

      “ချင်နန်အတွက် ဘုရင်မွေးဖွားဇာတာခွင်ကို သူတို့လက်လွှတ်လိုက်တာလား…"

     “ဘောပဲ"

    “သူတို့ဦးနှောက်ချောင်နေတာလား"

     “ထားလိုက်တော့…ပြန်ဆုတ်မယ်"

    ချင်နန်ကို တိုက်ခိုက်ခဲ့ကြသော ဂျီးနီးယပ်များသည် ထိုမြင်ကွင်းအားကြည့်ကာ ကျိန်ဆဲလိုက်ကြသည်။ သူတို့ရွေးချယ်စရာမရှိဘဲ လှည့်ထွက်၍ တခြားဘုရင်မွေးဖွားဇာတာခွင်များအတွက် ယှဉ်ပြိုင်လိုက်ကြသည်။
     အဆုံး၌ သူတို့နှစ်ယောက်လုံးသည် အလွန်အစွမ်းထက်လှသောကြောင့် သူတို့ကို တိုက်ခိုက်ပါက သေရလိမ့်မည်ဖြစ်သည်။

     အချိန်တိုအတွင်းမှာပင် ချင်နန်ကိုအာရုံစိုက်ထားသည့် ဂျီးနီးယပ်အနည်းစုသာ ရှိတော့သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now