၁၀၁၁ - ၁၀၁၅

487 52 0
                                    


အပိုင်း (၁၀၁၁) အလွန်အစွမ်းထက်သော လူတစ်ယောက်

လေထဲ၌ နတ်ဘုရားအဆင့်ပေါ်မှ ဂျီးနီးယပ်သည် သူ၏ လက်ကို လှုပ်ယမ်းလိုက်ပြီး ရှည်လျား‌သော လေးတစ်လက်ကို ထုတ်ယူလိုက်သည်။
သူ၏ ခွန်အားအပြည့်အဝဖြင့် လေးကြိုးကို ဆွဲကာ အောက်ကို ချိန်လိုက်သည်။

"ကမ္ဘာကိုမြှားနဲ့ တံဆိပ်ခတ်ခြင်း"
နတ်ဘုရားအဆင့်ပေါ်မှ ဂျီးနီးယပ်ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ကြိုးကိုလွှတ်လိုက်ရာ ချက်ချင်းပင် ဒိုဂျို၏ အထက်ကောင်းကင်၌ အပြာရောင်မြှားအစင်းတစ်ရာကျော်ထွက်ပေါ်လာပြီး ဒိုဂျိုပေါ်သို့ သက်ဆင်းသွားသည်။

မြှားတိုင်းသည် အလွန်ကြောက်စရာကောင်းလှသည်။


"ဘယ်လောက်ထူးခြားလိုက်လဲ"
ချင်နန်၏ မျက်လုံးများ အရောင်လက်သွားသည်။ သူသည် သိုင်းဘုရင်များ၏ သားသုံးယောက်ကို လျင်မြန်စွာ လက်သီးချက်တစ်ရာကျော်ပစ်သွင်းလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်ကို ဖျက်ဆီးခြင်းသိုင်းပညာနှင့် လွှမ်းခြုံကာ အပေါ်သို့ ပျံသန်းသွားလိုက်သည်။

ထူးဆန်းသော မြင်ကွင်းတစ်ခုဖြစ်ပွားလာသည်။ မြားများမည်မျှအစွမ်းထက်စေကာမူ သူတို့သည် ချင်နန်နှင့် တစ်ကျန်အဝေးသို့ ရောက်ရှိသွားသည့်အခါ ပျောက်ကွယ်သွားသည်။

ချင်နန်၏ အဆက်မပြတ် ရိုက်နှက်ခြင်းခံရပြီးနောက် သိုင်းဘုရင်များ၏ သားသုံးယောက် နာကျင်စွာ အော်ဟစ်လိုက်ကြသည်။

သူတို့သည် ချက်ချင်းပင် နောက်ထပ်ခုခံကာကွယ်မှုများ ပြုလုပ်လိုက်သော်လည်း မည်သည့်တိုက်ခိုက်မှုမျှ မဝင်ရောက်လာသောကြောင့် စိတ်သက်သာရာ သက်ပြင်းချလိုက်သည်။

သို့သော်လည်း အသက်ရှိုက်ခဏကြာပြီးနောက် သူတို့သည် ထပ်မံဆင်းသက်လာသည့် အန္တရာယ်ကို သတိထားမိလိုက်သည်။

"ဘာဖြစ်တာလဲ"

"သူ မထွက်သွားသေးဘူးလား"

"သူက ငါတို့ကို ဘာလို့ပစ်မှတ်ထားနေသေးတာလဲ"

သိုင်းဘုရင်များ၏ သားသုံးယောက် မျက်နှာများ ချက်ချင်းနက်မှောင်သွားကြပြီး ခုခံကာကွယ်လိုက်ကြသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now