၁၄၅၆ - ၁၄၆၀

398 41 1
                                    


အပိုင်း (၁၄၅၆) သန့်စင်မှုစတင်ခြင်း

      ချင်နန် အသက်ပြင်းပြင်းရှိုက်လိုက်သည်။
      သုံးဘ၀အတိဒုက္ခမှာ သူထင်ထားသည်ထက် အများကြီး ပိုကြောက်ဖို့ကောင်းသည်။
      ဧကရီဖေးယွဲ့သည် သူ ကြေးနီမှန်၊ ရွှေစည်းတံဆိပ်နှင့် ကြိုးနီတို့ကို ရချိန်က သူ ၎င်းကို လက်ခံမလား၊ လက်လွှတ်မလားဟု မေးခဲ့ခြင်းမှာ အံ့ဩစရာမဟုတ်တော့ပေ။

     “နေပါဦး…စီနီယာရဲ့ ပစ္စုပ္ပန်ဘ၀က စီနီယာကို ဘယ်လိုလာသတ်နိုင်မှာလဲ"
     မကြာခင်၌ ချင်နန် တစ်စုံတစ်ခုကို နားလည်သွားသည်။
    ဥပမာအနေဖြင့် ဧကရီဖေးယွဲ့သည် လက်ရှိ၌ သိုင်းဘုရင်တစ်ယောက်သာဖြစ်ပြီး သူမ၏ ပစ္စုပ္ပန်ဘ၀သည် ကောင်းကင်အင်မော်တယ် အထွတ်အထိပ်အဆင့်ပါက ပစ္စုပ္ပန်ဘ၀၏ အသတ်ခံရလျှင် သူမ ကောင်းကင်အင်မော်တယ်အဆင့်သို့ မည်ကဲ့သို့ ရောက်မည်နည်း…

      ထိုအတွေးနှင့်အတူ ချင်နန် တုန်လှုပ်လို့သွားသည်။
     သူမ၏ ပစ္စုပ္ပန်ဘ၀နှင့် အနာဂတ်ဘ၀ပေါ်လာပါက ၎င်းသည် သူမ၏ ကံကြမ္မာအပေါ်လည်း အများကြီးသက်ရောက်မှုရှိလိမ့်မည်ဖြစ်သည်။
       သုံးဘ၀နည်းစနစ်သည် မည်မျှအစွမ်းထက်လွန်းပါသနည်း…

    “တကယ်လို့ ငါ့ရဲ ပစ္စုပ္ပန်ဘ၀ကျင့်ကြံမှုက အခုငါ့ရဲ့ ကျင့်ကြံမှုထက် သန်မာတယ်ဆိုရင် ငါ အတိဒုက္ခကို ကျော်လွှားနိုင်တယ်…ဒါပေမဲ့ တကယ်လို့ သူ့ရဲ့ ကျင့်ကြံမှုက ငါနဲ့အတူတူဆိုရင် ငါကျရှုံးလိမ့်မယ်"
    ဧကရီဖေးယွဲ့သည် ထာ၀ရတည်ရှိနေမည့် ရေခဲတုံးပမာပင်ဖြစ်သည်။ သူမ သေဆုံးမည့်အကြောင်းပြောနေသည့်တိုင် သူမ မည်သည့်ခံစားချက်မျှ မပြပေ။

    “ဒီလိုဖြစ်ပုံပဲ…"
    ချင်နန်သည် ခေါင်းညိတ်လိုက်ပြီးနောက် အလျင်အမြန်ပင် ကြောက်စရာကောင်းသောအရာတစ်ခုကို နားလည်လိုက်သည်။
      “စီနီယာရဲ့ ပစ္စုပ္ပန်ဘ၀နဲ့ အနာဂတ်ဘ၀က စီနီယာရဲ့ အတိတ်ဘ၀လို သူတို့ရဲ့ ကျင့်ကြံမှုကို ဖိနှိပ်ထားမှာလား"

    အကယ်၍ သူတို့၏ ကျင့်ကြံမှု မဖိနှိပ်ထားပါက ကန်းလန်တိုက်ကြီးတစ်ခုလုံး အပျက်အစီးနှင့် ရင်ဆိုင်ရလိမ့်မည်ဖြစ်သည်။ မည်သူမျှ လွတ်နိုင်လိမ့်မည်မဟုတ်ပေ။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now