၁၄၅၁ - ၁၄၅၅

370 32 0
                                    


အပိုင်း (၁၄၅၁) မျိုးနွယ်စု၏ သစ္စာဖောက်

     ဝှစ်…ဝှစ်…ဝှစ်

   ကျဲဟွေလင်၊ ဝူချန်လီ၊ အခြားထွတ်မြတ်သားရဲအချို့နှင့် သိုင်းဘုရင်များသည် နဂါးတံခါးမှတစ်ဆင့် အထဲသို့ ရောက်လာသည်။
      သူတို့ထဲတွင် လောင်ဂူးကို လိုက်ရှာနေသည့် သိုင်းဘုရင်သုံးယောက်လည်းပါသည်။

     “ဘာဖြစ်နေတာလဲ"
     သူတို့ တံခါးထဲ ၀င်လိုက်သည်နှင့် ကြက်သေသေသွားကြသည်။

     “လောင်ဂူးက ကျင်လုံတံဆိပ်ကိုသုံးပြီး သူခိုး‌တွေကို လွတ်အောင် ကူညီပေးနေတာ....ချက်ချင်း အကြီးအကဲတွေကို သွားအစီအရင်ခံလိုက်"
     ရှောင်ယွင်ရွှေသည် သူ၏ အတွေးများကို စုစည်းလိုက်သည်။ သူ ကျယ်လောင်စွာ အော်ဟစ်ကာ အသံပို့လွှတ်လိုက်သည်။

      “ချေးပဲ"
   မုခ်ထဲ၀င်နေသည့် ချင်နန်သည် အခြေအနေ မည်မျှဆိုးရွားကြောင်းကို မြင်နိုင်သည်။ သို့သော်လည်း သူ၏ ထူးခြားသော ကျင့်ကြံမှုနှင့်ပင် သူ သားရဲများအားလုံးကို တစ်ပြိုင်တည်း တိုက်နိုင်စွမ်းမရှိပေ။

      နတ်ဘုရားသားရဲတားမြစ်နေရာတွင်…
     
     “ဘာ…လောင်ဂူးက ကျင်လုံတံဆိပ်ကိုသုံးပြီး သူခိုးတွေကို လွတ်အောင် ကူညီနေတာလား"
     အသက်ရှိုက်အနည်းငယ်ကြာပြီးနောက် သားရဲမျိုးနွယ်စု၏ သိုင်းနတ်ဘုရားများနှင့် သိုင်းဘုရင်များတို့သည် သူတို့၏ တံဆိပ်များမှတစ်ဆင့် သတင်းအချက်အလက်များစွာ သိရှိပြီးနောက် လုံး၀အံ့ဩသွားကြသည်။
     သားရဲတိုင်း ထို့အတူသာဖြစ်သည်။
     ‌လောင်ဂူး၏ လုပ်ရပ်မှာ သားရဲမျိုးနွယ်စုကို သစ္စာဖောက်သည်ဟု သတ်မှတ်နိုင်သည်။ ၎င်းမှာ အဆိုးရွာဆုံးပြစ်မှုဖြစ်သည်။

      “လောင်ဂူး"
    ထိုအချိန်၌ သိုင်းဘုရင်ကျင်လုံ၏ မျက်နှာ အလွန်နက်မှောင်လို့သွားသည်။
     လောင်ဂူးသည် ထိုကဲ့သို့ လုပ်လိမ့်မည်ဟု သူ လုံး၀မထင်ထားခဲ့ပေ။

      “ကျင်လုံ…မင်းက မင်းတပည့်ကို ကောင်းကောင်းသင်ကြားပေးထားတာပဲ"
     နတ်ဘုရားသားရဲတားမြစ်နေရာ၏ ခေါင်းဆောင် တင်းမာစွာဖြင့် ပြောလိုက်သည်။
    ပတ်၀န်းကျင်မှ လေဟာနယ်တုန်ခါလာပြီး ပျက်စီးလုနီးပါး ဖြစ်သွားသည်။
 
     “လောင်ဂူး…ငါက  နတ်ဘုရားသားရဲတားမြစ်နေရာရဲ့ ခေါင်းဆောင်ပဲ…တကယ်လို့ မင်းအခု မုခ်ကိုပိတ်လိုက်မယ်ဆိုရင် မင်းလုပ်ခဲ့တာကို ငါ ဗွေမယူဘူး"
     နတ်ဘုရားသားရဲတားမြစ်နေရာ၏ ခေါင်းဆောင် အလျင်အမြန်တုံ့ပြန်လိုက်သည်။ သူသည် ရှေးဟောင်းပညာရပ်တစ်ခုကို အသုံးပြုကာ ရှောင်ယွင်ရွှေ၏ ခန္ဓာကိုယ်ကို သုံး၍ စကားပြောလိုက်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now