၁၁၂၆ - ၁၁၃၀

399 44 0
                                    


အပိုင်း (၁၁၂၆)တစ်ယောက်တည်းဖြင့် တစ်အုပ်လုံးကို ကိုင်တွယ်ခြင်း

    လူများအားလုံး အံ့ဩတုန်လှုပ်နေကြသည်။

   ရှီချင်းဖန်၊ အောက်ချန်းထျန်၊ ပညာရှိနှင့် ကဝေတို့အားလုံး၏ ကိစ္စသည် အစဉ်လိုက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
     ဖြစ်ပွားခဲ့သည့်အရာအားလုံးမှာ သူတို့၏ မျှော်လင့်ချက်များထက် ကျော်လွန်သည်။

     ချင်နန်၏ မျက်လုံးများ ပြူးကျယ်နေသည်။
    ရှီချင်းဖန်က ယွီချင်းထုံကို သတ်လိုက်တာလား…
    သူ ယွီချင်းထုံကို သဘောမကျသည့်တိုင် သူမသည် ရှီချင်းဖန်အား မည်မျှချစ်ကြောင်းကို သူသိသည်။
     သို့သော်လည်း ရှီချင်းဖန်သည် သိုင်းပညာကိုကျွမ်းကျင်ရန်အတွက် ရက်ရက်စက်စက် သူမကိုသတ်ခဲ့သည်။
     ထို့နောက် ရန်ချီဖြစ်သည်။ သူသည် ဘုရင်မွေးဖွားဇာတာခွင်အတွက်သူ၏ ညီအစ်ကိုကို သစ္စာဖောက်ခဲ့သည်။
     ဒီနှစ်ကောင်က သူတို့ရဲ့သိုင်းပညာနဲ့ ဘုရင်မွေးဖွားဇာတာခွင်အတွက် ရူးသွားကြတာလား…

       ၎င်းတို့သည် သူနှင့် ဘာမှမဆိုင်သည့်တိုင် သူတို့ဆုံးဖြတ်ချက်ချခဲ့သောကြောင့် သူသည် သူတို့ကို နောက်ထပ်မည်သည့်ကြင်နာမှုမျှ ပြစရာမလိုပေ။

     “အားလုံးပဲ"
    ချင်နန် ရုတ်တရက်ကျယ်လောင်သော အသံဖြင့် အော်လိုက်သည်။ သူ၏ အသံသည် ချက်ချင်းပင် လူအုပ်၏ အာရုံကို ဆွဲဆောင်သွားသည်။

     “သူဘာလုပ်မလို့လဲ…"
      ကောင်းကင်တောင်ပိုင်းဝိညာဉ်တမန်တော်နှင့် တိုက်ခိုက်ရာ၌ အလုပ်များနေသော ကျန်းပိလန်နှင့် ထောင်ချင်းစန့်တို့ အလွန်ရှုပ်ထွေးသွားသည်။

     စင့်မာခေါင်၊ မူမူနှင့် ရွှင်ယွင်တို့သည်လည်း တွေးတောလိုက်ကြသည်။ ပုံမှန်အားဖြင့် ချင်နန်သည် ဤကဲ့သို့ မပြုမူတတ်ပေ။ ဆိုလိုသည်မှာ လေးနက်သော ကိစ္စတစ်ခုဖြစ်ပွားလာတော့မည်။

    ဂျီးနီးယပ်များသည် ရုတ်တရက် ကြည့်လိုက်သည်။

     “ငါစိတ်မကောင်းပါဘူး…ကဝေချန်းချန်းရဲ့ ဘုရင်မွေးဖွားဇာတာခွင်ကလွဲလို့ ငါ ကျန်တာတွေအားလုံးကိုယူမယ်"
     ချန်းနန်၏ အကြည့်များ စူးရှသွားကာ ကြောက်မက်ဖွယ်ရာအော်ရာနှင့် သူ၏ နောက်မှ သိုင်းသစ်ပင်ငါးပင် ထွက်ပေါ်လာသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးΌπου ζουν οι ιστορίες. Ανακάλυψε τώρα