1691 - 1695

334 31 1
                                    


အပိုင်း (၁၆၉၁) တုန်လှုပ်ဖွယ်ရာအင်အား

     အချိန်သည် ကုန်လွန်နေသည်။

      ငါးရက်ကြာပြီးနောက် ယွင်လျိုရှေးဟောင်းမြို့တွင်…

    မြို့သည် ကောင်းကင်ထိုင်ဟွမ်ဂိုဏ်း၏ လက်အောက်က ရှေးဟောင်းနှစ်ဆယ့်သုံးမြို့အကြားတွင် အဓိကမြို့တော်ဖြစ်သည်။
      ၎င်း၏ အစစ်အမှန်ပုံစံမှာ ကောင်းကင်အင်မော်တယ်အဆင့်လက်နက်တစ်ခုဖြစ်ပြီး တာအိုအဆင့်လက်နက်တစ်ခုထက် အနည်းငယ်သာ နိမ့်ကျသည်။

     ပုံမှန်အားဖြင့် ကောင်းကင်ထိုင်ဟွမ်ဂိုဏ်း၏ တပည့်များသာ မြို့ထဲ၀င်ခွင့်ရှိသည်။
    သို့သော်လည်း ၎င်းသည် ကောင်းကင်နယ်မြေနှင့် အနီးဆုံးမြို့ဖြစ်သောကြောင့် အများပြည်သူအား ယာယီဖွင့်လှစ်ပေးထားခြင်းဖြစ်သည်။
     အဆုံး၌ အဓိပတိတာအိုအင်အားစုများနှင့် ပြိုင်ဘက်ကင်းအုပ်စိုးသူများအပါအ၀င် ကျင့်ကြံသူများစွာသည်လည်း ပွဲကို လာရောက်ကြည့်ရှုကြလိမ့်မည်ဖြစ်သည်။

    လက်ရှိတွင် မြို့ထဲ၌ လျှို့ဝှက်ဆန်းကြယ်သော နောက်ခံဖြင့် အစွမ်းထက်ပုဂ္ဂိုလ်အချို့နှင့် ထူးခြားသော ကျင့်ကြံမှုရှိသည့် လူအချို့အပါအ၀င် ကျင့်ကြံသူများ အုံကြွနေသည်။

       “အသန်မာဆုံးအင်မော်တယ်တိုက်ပွဲအတွက် လာကြတဲ့ လူတွေက ဟိုးအရင်ကထက် သိသိသာသာများတာပဲ… ချင်နန် အသန်မာဆုံးအင်မော်တယ်ဖြစ်နိုင်မလားမသိဘူး"
    စားသောက်ဆိုင်ထဲက အဖြူရောင်ဆံပင်နှင့် လူတစ်ယောက် ပြောလိုက်သည်။

       အနီးကကျင့်ကြံသူများတွင်လည်း အလားတူအတွေးမျိုးရှိနေသည်။
     လွန်ခဲ့သော နှစ်ငါးထောင်က ရုတ်တရက်ပေါ်လာသည့် အမျိုးသမီးမှတစ်ပါး မည်သူမှ သူတို့ကိုယ် သူတို့ အသန်မာဆုံးအင်မော်တယ်ဟု မသတ်မှတ်ရဲပေ။
      ထိုအမျိုးသမီးပြီးကတည်းက  ကိုးကောင်းကင်အင်မော်တယ်ဘုံတွင် အသန်မာဆုံးအင်မော်တယ်ဟူ၍ တခြားတစ်ယောက်ကို အသိအမှတ်မပြုထားပေ။

       “ချင်နန်မဖြစ်နိုင်ဘူး...သူဒီကိုတောင် လာနိုင်မယ် မထင်ဘူး"
     မျက်နှာတွင် အမာရွတ်များပြည့်နှက်နေသော အဘိုးအိုတစ်ယောက် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now