1956 - 1960

98 6 0
                                    

အပိုင်း (၁၉၅၆)

     ထိုပုံရိပ်၏ ဘေးတွင် ဓားရှစ်လက်ကိုင်ဆောင်ထားသော သက်လတ်ပိုင်းလူတစ်ယောက်ရှိသည်။ ထိုလူက ပြောလိုက်သည်။
      “ဘာလို့ အာရုံနောက်ခံနေမှာလဲ…ချင်နန်အတွက် သူ့ရဲ့ လက်ရှိကျင့်ကြံမှုနဲ့ ဒီနေရာကို သိမ်းပိုက်ဖို့က ကျိုးကြောင်းဆီလျော်တဲ့ဟာကို"

     ပုံရိပ်က မတုံ့ပြန်နိုင်သော်လည်း သူ၏ မျက်နှာအမူအရာက စကားဖြင့်ပြောပြစရာမလိုအောင် အဓိပ္ပာယ်ဖော်ဆောင်နေသည်။

      ချင်နန်သည် ကြီးမားသောတံခါးကြီး၏ ရှေ့တွင် ရပ်ရင်း အထက်အောက် အစုံအဆန် ကြည့်လိုက်သည်။ သူ စကားတစ်လုံးမျှ မပြောပေ။
     သူ၏ ညာဘက်လက်က ကောင်းကင်ဖြိုဖျက်ခြင်းဆေဘာအဖြစ်ပြောင်းလဲသွားသည်။ သူသည် သူ၏ ခန္ဓာကိုယ်ထဲက အင်မော်တယ်စွမ်းအင်ကိုထုတ်ဖော်လိုက်သည်။

     “ခွန်အားသုံးပြီး ဖျက်ဆီးဖို့ ကြိုးစားနေတာလား"
    ပထမပုံရိပ်က အထင်သေးစွာဖြင့် ပြောလိုက်သည်။
    သူ ချင်နန်ကို အထင်သေးနေခြင်းမဟုတ်ပါ။ သို့သော်လည်း ပြိုင်ဘက်ကင်းအုပ်စိုးသူအထွတ်အထိပ်အဆင့်တချို့ပင်လျှင် တံခါးကို ထိခိုက်အောင် လုပ်ဖို့ ရုန်းကန်ရမည်ဖြစ်ပြီး ဖျက်ဆီးဖို့ဆိုပါက ပိုတောင်ဆိုးသည်။

     “လောကအရှင်သခင်"

     “နတ်ဘုရားသိုင်းဝိညာဉ်"
    ချင်နန်၏ နောက်မှ ခမ်းနားသောပုံရိပ်နှစ်ခု ဆက်တိုက်ထွက်ပေါ်လာသည်။
   ကန်၏ အောက်ခြေတွင် ရှေးဟောင်းအော်ရာတစ်ခုက မုန်တိုင်းပမာ လှိမ့်တက်လာသည်။
      အလွန်ကြီးမားသောတံခါးကြီး၏ သင်္ကေတများက တောက်ပသောအလင်းများ ထွက်ပေါ်လာသည်။

      “ကောင်းကင်ထိုင်ဟွမ်…တာအိုလှုပ်ခါခြင်းဆေဘာပညာရပ်"
      ချင်နန်သည် တာအိုရှာဖွေခြင်းပညာရပ်နှစ်ခုကို အသုံးပြုပြီး တစ်ချိန်တည်းမှာပင် တာအိုအရည်ဖျော်အင်မော်တယ်မီးတောက်များနှင့် ကောင်းကင်ဖြိုဖျက်ခြင်းဆေဘာကို နှိုးဆွလိုက်သည်။
     သူသည် အချိန်ခဏအတွင်း ပိုင်းချက်ထောင်ချီကိုထုတ်ဖော်လိုက်သည်။
     သူ၏ အကြည့်က တံခါး၏ ဘယ်ဘက်ထောင့်အောက်ခြေသို့ကျရောက်သွားပြီး ၎င်းကို ခုတ်ပိုင်းလိုက်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now