၁၂၁၆ - ၁၂၂၀

413 38 0
                                    


အပိုင်း (၁၂၁၆) အသက်ရှင်ခွင့်

      သက်လတ်ပိုင်းလူ အောက်အော်ခိန်းနာသို့ ထွက်သွားသောအခါ ကြီးမားသော  သင်္ဘောကြီး၏ အလယ်မှ အလွန်ကြီးမားသော နန်းတော်ထဲတွင်…
   
      “မင်းသမီး…အကြီးအကဲဟော်က  သတင်းစကားပို့ပါတယ်…သူအရင်သွားနှင့်မယ်လို့ပြောတယ်"
     အဖြူရောင်ဆံပင်နှင့် အဘိုးအိုတစ်ယောက် လက်သီးစုကာ ပြောလိုက်သည်။

       “အထက်အော်ခိန်းနာက စောစောပွင့်လာတာလား"
    မင်းသမီးမြောင်မြောင် မျက်တောင်ပုတ်ခတ်၍ မေးလိုက်သည်။

      “ဟုတ်ပါတယ် …မင်းသမီး ဒါစောပြီး ပွင့်လာပါတယ်"

      “ဒီလိုဆို အားလုံးကို အမိန့်ပေးလိုက်…ကျွန်မတို့ အခုချက်ချင်းသွားမယ်"

      “ကောင်းပါပြီ"

      အကြီးအကဲစွန်း ထွက်သွားသည်နှင့် မင်းသမီးမြောင်မြောင်၏ မျက်လုံးထဲ မျှော်လင့်ချက်တစ်စွန်းတစ်စ ထွက်ပေါ်လာသည်။
      ချင်နန်လည်း အဲဒီမှာရှိမလား…
      သူအဲဒီမှာရှိရမယ်…

      “တကယ်လို့ သူရှေးစစ်မြေပြင်ကို မလာဘူးဆိုရင် ငါသူ့ကို ခွင့်မလွှတ်ဘူး"
     မင်းသမီးမြောင်မြောင် ဝိုးတဝါးရေရွတ်ပြီးနောက် လက်သီးဆုပ်လိုက်သည်။
      သူမ ထိုအဘိုးကြီးများအား အလွန်ခက်ခက်ခဲခဲဖြင့် နားပူနားဆာလုပ်ခဲ့ခြင်းမှာ ချင်နန်နှင့်  ရှေးစစ်မြေပြင်တွင် တွေ့ချင်သောကြောင့်ဖြစ်သည်။

     အချိန်တဖြည်းဖြည်း ကုန်လွန်သွားသည်။

     သုံးနာရီကြာပြီးနောက် ရှေးစစ်မြေပြင်၏ အောက်အော်ခိန်းနာတွင်…

       သေလွန်ဝိညာဉ်မျိုးနွယ်စု အလင်းတံခါးထဲ ပျောက်ကွယ်သွားပြီးနောက် မီးလျှံမျိုးနွယ်စု၊ အင်မော်တယ်မျိုးနွယ်စုနှင့် အခြားရှေးဟောင်းမျိုးနွယ်စုအနည်းငယ်လည်း အစီအရီ ရောက်လာသည်။ သိုင်းဘုရင်များစွာသည် သူတို့၏ အော်ရာများကို ထုတ်လွှတ်ထားသည်။
     ယခုအချိန်ထိတိုင်အောင် တံခါးမှ ၀င်သွားသည့် သိုင်းဘုရင်ငါးယောက်ရှိပြီဖြစ်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now