၁၆၇၁ - ၁၆၇၅

347 29 0
                                    


အပိုင်း (၁၆၇၁) တောင်ဝိညာဉ်၏ အမျက်‌ဒေါသ

      “ဒါဘယ်လိုအရာမျိုးလဲ"
     ယုမင်ဖိုနှင့် တခြားပြိုင်ဘက်ကင်းပါရမီရှင်များသည် ရုတ်တရက် ရေခဲခေါင်းတလားထဲ ရောက်ရှိသွားသလို ကြောက်ရွံ့သွားကြသည်။ ၎င်းသည် ချင်နန် သူတို့၏ အင်မော်တယ်ပညာရပ်များအား နှိမ်နင်းခဲ့ခြင်းထက်ပင် ပိုတုန်လှုပ်ဖို့ကောင်းသည်။
     ဆန္ဒဆယ်ပါးဂိုဏ်း၏ ပြိုင်ဘက်ကင်းပါရမီရှင်သည် ပြင်းထန်စွာ ထိခိုက်သွားသည့်တိုင် တိုက်ခိုက်နိုင်ဆဲဖြစ်သည်။
     အကယ်၍ သူသည် ချင်နန်နှင့် ရင်မဆိုင်နိုင်လျှင်ပင် ထွက်ပြေးလွတ်မြောက်နိုင်သေးသည်။
     သို့သော်လည်း ရှေးဟောင်းအမှတ်အသားပုံစံတစ်ခုပေါ်လာပြီး ၎င်းသည် ပြိုင်ဘက်ကင်းပါရမီရှင်ကို ဖိနှိပ်ရုံသာမပ သူ၏ တည်ရှိမှုကိုပင် ဖယ်ရှားပစ်ခဲ့သည်။

      “ဖျက်ဆီးခြင်းနိုင်ငံ"
    ချင်နန် လှည့်ကာ ရှေ့တက်လိုက်သည်။ လီဆယ်ချီအတွင်းမှ ဧရိယာသည် အနက်ရောင်နိုင်ငံတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

      “ချေးပဲ"
     ယုမင်ဖိုနှင့် တခြားပြိုင်ဘက်ကင်းပါရမီရှင်များ တုန်လှုပ်သွား၏။ သူတို့သည် ချက်ချင်းပင် အသန်မာဆုံးတိုက်ခိုက်မှုများကို အသုံးပြုလိုက်ကြသည်။
    ယုမင်ဖိုသည် အစွမ်းထက်ဗုဒ္ဓတစ်ပါးအဖြစ် ပြောင်းလဲသွားသည်။
    အခြားပြိုင်ဘက်ကင်းပါရမီရှင်သည် သူ၏ အနီးက လေဟာနယ်ကို  တွန့်လိမ်ရှုံ့တွအောင်လုပ်လိုက်ပြီး သူ၏ နောက်တွင် ခြေထောက်များက မိုးပေါ်ထောင်ကာ လက်များက မြေပြင်ကို ထောက်ထားသောရှေးဟောင်းနတ်ဘုရားဆယ်ပါးပေါ်လာသည်။

      “ငါ့ရဲ့ဆန္ဒ... ဖျက်ဆီးခြင်းဆေဘာ"
     ချင်နန် ကောင်းကင်သို့ ပျံသန်းသွားသည်။ သူ ရှေ့သို့ခုတ်ပိုင်းလိုက်သည့်အချိန်၌ လီဆယ်ချီအတွင်းက အမှောင်ထုသည် သူ၏ ဆေဘာထိပ်တွင် စုစည်းလာပြီး ကျင့်ကြံသူနှစ်ယောက်ကို ဝါးမျိုသွားသည်။
      နေရာတစ်ခွင်လုံး နက်ပြာရောင်အော်ရာတစ်ခု ဖုံးလွှမ်းသွားသလိုပင်ဖြစ်သည်။
       ခမ်းနားသော ဗုဒ္ဓနှင့် ရှေးဟောင်းနတ်ဘုရားများ အပိုင်းပိုင်းဖျက်ဆီးခံလိုက်ရသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now