၁၅၇၆ - ၁၅၈၀

379 34 0
                                    

အပိုင်း (၁၅၇၆) အဆင့်တစ်မှ အဆင့်တစ်ဆယ်

       အချိန်အနည်းငယ်ကြာပြီးနောက် ချင်နန်နှင့် သွေးမျက်လုံးကောင်းကင်နတ်ဘုရားသည် ကောင်းကင်တွင်ပေါ်လာသည်။

      “အတိသုခကောင်းကင်ဘုံက ရှန်ရှင်ထျန်အင်မော်တယ်ဘုံငယ်ရဲ့ မြောက်ပိုင်းမှာပဲ…ဒါငါတို့နဲ့ သိပ်မဝေးဘူး…ပျံသွားရအောင်"
      သွေးမျက်လုံးကောင်းကင်နတ်ဘုရား ပြောလိုက်သည်။
     သူတို့နှစ်ယောက်သည် အလင်းတန်းများအဖြစ်ပြောင်းလဲကာ အဝေးတွင် ပျောက်ကွယ်သွားသည်။ ၎င်းမှာ အတော်လေးဘေးကင်းသော ခရီးဖြစ်သည်။
     နှစ်ရက်ကြာပြီးနောက် သူတို့နှစ်ယောက် ရပ်တန့်လိုက်သည်။

      သူတို့ရှေ့က ကုန်းမြေတွင် အရွယ်အစားအမျိုးမျိုး၊ အော်ရာအမျိုးမျိုးနှင့် ရှေးဟောင်းမြို့အသီးသီးရှိပြီး စုစုပေါင်းရှစ်ဆယ့်ခြောက်မြို့ဖြစ်သည်။
     မြို့များထဲတွင် မရေမတွက်နိုင်သော ကျင့်ကြံသူများ သွားလာလှုပ်ရှားနေကြသည်။

       အတိသုခအင်မော််တယ်အင်ပါယာသည် ပြိုင်ဘက်ကင်းအုပ်စိုးသူတစ်ယောက်ဖြစ်လာချိန်တွင် သူသည် ချက်ချင်းပင် သူအုပ်ချုပ်သည့် လီတစ်သန်းအတွင်းတွင် မည်သည့်တိုက်ပွဲမျှ မဖြစ်ဖို့ အမိန့်ပေးခဲ့သည်။
     ၎င်းသည် ကျင့်ကြံသူများစွာကို ဤနေရာတွင် အခြေချဖို့ ဆွဲဆောင်ခြင်းဖြစ်ပြီး နှစ်ထောင်ချီကြာပြီးနောက် လက်ရှိအတိုင်းအတာအထိဖွံ့ဖြိုးတိုးတက်လာခဲ့သည်။
     မြို့ရှစ်ဆယ့်ခြောက်မြို့ကို ဒေသစိတ်နယ်မြေရှစ်ဆယ့်ခြောက်ခုဟုလည်းခေါ်သည်။
      ကောင်းချီးအင်မော်တယ်မြေသည် အထွတ်အမြတ်ကောင်းကင်နိုင်ငံတွင် တည်ရှိသည်။

       “ဘာလို့ ကျုပ် အထွတ်အမြတ်ကောင်းကင်နိုင်ငံကိုမတွေ့ရတာလဲ"
    ချင်နန်သည် စစ်နတ်ဘုရား၏ ရွှေမျက်လုံးများကို အသုံးပြုကာ နေရာတစ်ခွင်ကို စစ်ဆေးလိုက်သည်။
      မကြာခင်၌ သူရှုပ်ထွေးသောမျက်နှာအမူအရာဖြင့် ဖြစ်သွားသည်။

    သန်မာသောချီစွမ်းအင်နှင့် အင်မော််တယ်စွမ်းအင်မှတစ်ပါး သူသည် ဒေသစိတ်နယ်မြေရှစ်ဆယ့်ခြောက်ခုနှင့်ပတ်သက်၍ ထူးခြားသောအရာတစ်ခုမှမတွေ့ပေ။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now