1756 - 1760

237 24 0
                                    

အပိုင်း (၁၇၅၆) ကြွေနန်းတော်

      “ဘာပဲဖြစ်ဖြစ် အထဲကို၀င်ကြည့်ရတာပေါ့"
    ချင်နန် သူ၏ အတွေးများကို စုစည်းပြီးနောက် ပြောလိုက်သည်။ တောက်ပခြင်းရှစ်ပါးနတ်ဆိုးအင်ပါယာ သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်၏။

     သူရှုပ်ထွေးနေသည့်တိုင် မီးခိုးမရှိဘဲ  မီးမရှိဟူသော ဆိုရိုးစကားအတိုင်းပင်ဖြစ်သည်။

    ကိုးကောင်းကင်အင်မော်တယ်ဘုံတွင် ပုံမှန်မဟုတ်သောအရာမှန်သမျှသည် ကြီးမားသော လျှို့ဝှက်ချက် သို့မဟုတ် တုန်လှုပ်ဖွယ်ရာရတနာများနှင့် ဆက်စပ်နေတတ်သည်။

     “မင်းက ဘယ်သူလဲ"
    တံခါးကို စောင့်ကြပ်နေသည့် ရှေးဦးမျိုးနွယ်စုက လူများသည် မကြာခင်၌ ချင်နန်တို့လူစုကို သတိပြုမိလိုက်သည်။ သူတို့သည် ချက်ချင်းပင် သူတို့၏ အင်မော်တယ်စွမ်းအင်ကို ထုတ်ဖော်လိုက်သည်။
     အစက ၀င်ပေါက်၏ အပြင်ဘက်တွင် ပြိုင်ဘက်ကင်းအုပ်စိုးသူတစ်ဒါဇင်ကျော်ရှိနေသောကြောင့် သူတို့အတွက် တံခါးကိုစောင့်ကြပ်ဖို့မလိုဟု သူတို့ထင်ထားခဲ့သည်။ ကျူးကျော်သူများကိုမြင်ချိန်၌ သူတို့အံ့ဩသွားကြသည်။
   
    ဝှစ်…

   ‌ချင်နန် နောက်ထပ်အချိန်မဖြုန်းပေ။ သူသည် လေအဟုန်ခြေလှမ်းဖြင့်ရှေ့တက်သွားပြီး တံခါးကိုစောင့်ကြပ်နေသည့်လူများကို လက်သီးဖြင့်ထိုးလိုက်သည်။

     ရှေးဦးမျိုးနွယ်စုကလူများ တုန်လှုပ်သွားသည်။ သူတို့သည် အလျင်အမြန်ပင် နောက်ဆုတ်ပြီး ခုခံကာကွယ်လိုက်ကြသည်။
     သို့သော်လည်း အများစုမှာ လူသားအင်မော်တယ်အထွတ်အထိပ်အဆင့်များသာဖြစ်သည်။ သူတို့ထဲက သုံးယောက်သည် မြေအင်မော်တယ်များသာဖြစ်သော်လည်း မြေအင်မော်တယ်အဆင့်ငါးအောက်တွင်သာဖြစ်သည်။
    သူတို့သည် ချင်နန်၏ လက်သီးကိုမည်ကဲ့သို့ ရင်ဆိုင်နိုင်ပါမည်နည်း…

    ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ ကျင့်ကြံသူများ လွင့်ထွက်သွားသည်။ ချင်နန်တို့လူစုသည် ချက်ချင်းပင် တံခါးဆီသို့ သွားလိုက်သည်။
    သူတို့သည် သူတို့၏ ခန္ဓာကိုယ်များ လျှပ်စီးလက်သွားသလို ခံစားလိုက်ရသည်။ ရုတ်တရက် သူတို့ရှေ့က မြင်ကွင်းပြောင်းလဲသွားသည်။ သူတို့သည် မျက်တောင်တစ်ခတ်အတွင်း မတူညီသောနေရာတစ်ခုသို့ ရောက်လာကြောင်း တွေ့လိုက်ရသည်။
    သူတို့သည် သူတို့၏ အတွေးများကို စုစည်းပြီးရှေ့ကို ကြည့်လိုက်သည်။ အကြည့်တစ်ချက်နှင့်ပင် သူတို့၏ မျက်လုံးများ ပြူးကျယ်သွား၏။
     သူတို့သည် အဆုံးကိုမြင်နိုင်စွမ်းမရှိသည့် အကျိုးအပဲ့အပျက်အစီးများ ဖုံးလွှမ်းနေသော ကုန်းမြေကျယ်တစ်ခုတွင် ရှိနေကြောင်း တွေ့လိုက်ရသည်။ ထိုနေရာတွင် ချိုင့်ဝှမ်းများပြည့်နေပြီး ကစဥ့်ကလျားအော်ရာလည်း ရှိသည်။ သူတို့သည် ချိုင့်ဝှမ်းတချို့တွင် ပုပ်ပွနေသော အလောင်းတချို့ကိုပင် မြင်နေရသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now