၁၀၃၆ - ၁၀၄၀

466 42 0
                                    


အပိုင်း (၁၀၃၆) လောင်ဂူးဂူ

မင်းသမီးမြောင်မြောင်ပြောသကဲ့သို့ ချင်နန် အရှေ့ပိုင်းတိုက်ကြီးအား ရောက်သည့်အခါ သူ့အား ပစ်မှတ်ထားသည့် ကြောက်မက်ဖွယ်ရာအင်အားတစ်ခုကို ခံစားလိုက်ရသည်။
သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူပင် ၎င်းကို ဆန့်ကျင်နိုင်ခြင်းမရှိပေ။

၎င်းကို အစကတည်းက မျှော်လင့်ထားပြီးသားဖြစ်သည့် ချင်နန်သည် ချက်ချင်းပင် သူ၏ အော်ရာကို ရုပ်သိမ်း၍ သူ၏ ကျင့်ကြံမှုအား သိုင်းသူတော်စင်အထွတ်အထိပ်အဆင့်သို့ ရောက်ရှိအောင် ဖိနှိပ်လိုက်သည်။
ထိုအခါမှသာ ပစ်မှတ်ထားသည့် အင်အားမှာလည်း ပျောက်ကွယ်သွားသည်။

"ဒီလိုအခြေအနေမျိုးနဲ့ ဒီကို ပြန်လာရလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"
သူ၏ ၀န်းကျင်မှ ကျွမ်း၀င်သော မြင်ကွင်းကို မြင်တွေ့ရသည့်အခါ ချင်နန် သူ၏ နှလုံးသားထဲ ရေရွတ်လိုက်သည်။

သူသည် ဂုဏ်အသရေနှင့်သာ ပြန်လိုသူတစ်ယောက်ဖြစ်သည်။ အစက သူသည် ဘုရင်ဇာတာခွင်ပြိုင်ပွဲ၌ သိုင်းဘုရင်အဆင့်သို့ ရောက်ပြီးမှသာ ပြန်ရန် စီစဥ်ထားခဲ့သည်။

"မင်းသမီး...သွားစို့"
ချင်နန်သည် သူ၏ စိတ်ထဲမှ အတွေးများကို ခေါင်းခါယမ်းကာ ဖယ်ရှားလိုက်ပြီးနောက် သူ၏ အကြည့်များ အေးစက်သွားသည်။
သူသည် သူ၏ ရန်သူများအားလုံးကို သတ်ပစ်ရန် ဆုံးဖြတ်ထားသည်။

ချင်နန်နှင့် မင်းသမီးတို့သည် တိုက်ရိုက်ပင် ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံရှိရာသို့ လာခဲ့ကြသည်။

သူမပြန်မီက ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံသည် အရှေ့ပိုင်းတိုက်ကြီး၏ အသန်မာဆုံးအဖွဲ့အစည်းဖြစ်လာခဲ့သည်။
ချင်နန်နှင့် ကျွမ်း၀င်သည့် ကျိုးပိဟွာ၊ ကောင်းကင်လောင်ကျွမ်းခြင်းဘုရင်နှင့် အခြားသူများအပြင် နောက်ထပ် သိုင်းသူတော်စင်အဆင့်ကျွမ်းကျင်သူများလည်း ထွက်ပေါ်လာခဲ့သည်။

ထို့ပြင် လူငယ်မျိုးဆက်သစ်များမှာလည်း ထွန်းတောက်လာခဲ့ကြသည်။ ယေဘုယျအားဖြင့် ပြောရပါက ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံ၏ စွမ်းအားမှာ ဆက်လက်ကြီးထွားလာခဲ့သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now