၁၂၉၁ - ၁၂၉၅

384 35 0
                                    


အပိုင်း (၁၂၉၁)ချဉ်းကပ်လာသော မုန်တိုင်း

   ထိုအချိန်၌   ရေကန် တိတ်ဆိတ်သွားသည်။

     “ဟား…ဟား…ဟား…"
      ချင်နန် သူ၏ အော်ရာကို ရုပ်သိမ်းကာ ရေကန်၏ အစပ်သို့ရယ်မောကာ လျှောက်လှမ်းလာသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ဖျတ်လတ်တက်ကြွမှုများနှင့် စွမ်းအင်များ တောက်ပနေသည်။
       သူသည် တိုက်ပွဲတွင် သူ့စွမ်းအားအပြည့်၏ တစ်၀က်ကိုသာ သုံးခဲ့သော်လည်း ၎င်းမှာ သူ့ကို သွေးဆူလာစေခဲ့သည်။
     တိုက်ပွဲပြီးသည့်နောက် သူ၏ နှလုံးသားထဲ အလွန်တရာကျေနပ်လို့နေသည်။

      အကယ်၍ ကျင့်ကြံသူငါးယောက် ချင်နန်၏ လက်ရှိတုံ့ပြန်မှုကိုမြင်ပါက မည်ကဲ့သို့ မျက်နှာအမူအရာဖြင့်ဖြစ်သွားမည်ကို မပြောနိုင်ပေ။

      “သူ…သူနိုင်သွားတာလား"
     လင်ရွယ် ကြက်သေသေနေဆဲဖြစ်သည်။
     သူ၏ ကျင့်ကြံမှုမှာ သိုင်းဘုရင်အဆင့်သုံးသာဖြစ်သည်။ ထို့ကြောင့် ကြောက်မက်ဖွယ်ရာတိုက်ပွဲသည် သူ၏ စိတ်ကို သက်ရောက်မှုကြီးကြီးမားမား ရှိခဲ့သည်။
     အဓိကအချက်အနေဖြင့် ချင်နန်သည် တိုက်ပွဲတွင် အနိုင်ရမည်ဟု သူ လုံး၀မထင်ထားခဲ့ပေ။

       “ဒီမှာမင်းအတွက် နက်ရှိုင်းနတ်ဘုရားအပိုင်းအစ"
      ချင်နန် ချက်ချင်းပင် လင်ရွယ်ကို နက်ရှိုင်းနတ်ဘုရားအပိုင်းအစကိုးခုပေးလိုက်သည်။

      “ကျေးဇူးတင်ပါတယ်…စီနီယာ"
     လင်ရွယ် သူ၏ အတွေးများကို စုစည်းပြီးနောက် ပျော်သွားသည်။

     နှင်းကံကြမ္မာကန်သည် မြေပုံပေါ်တွင် အမှတ်အသားပြုထားသည့်နေရာများထဲမှ တစ်ခုသာဖြစ်ပြီး သူ နက်ရှိုင်းနတ်ဘုရားအပိုင်းအစကိုးခုရပြီဖြစ်သည်။ ကျန်ရှိသည့် အခြားနေရာများတွင်လည်း နက်ရှိုင်းနတ်ဘုရားအပိုင်းအစများစွာရှိနိုင်သည်။
     သူ မြေပုံကို ၀ယ်ခဲ့ခြင်းမှာ မှန်ကန်သောရွေးချယ်မှုဖြစ်သည်။

       “စီနီယာ…အခု ကျုပ်ကို ခွင့်ပြုပါဦး…တကယ်လို့ အနာဂတ်မှ အခွင့်အရေးရရင် ကျုပ်တို့ ထပ်ပြီး ပူးပေါင်းကြတာပေါ့"
     လင်ရွယ် လက်သီးစုကာ ပြောလိုက်သည်။ ကျန်ရှိသော နေရာများအတွက် သူ ချင်နန်၏ အကူအညီကို မလိုပေ။
      ချင်နန် လင်ရွယ်နှင့် တစ်ခဏခန့်စကားပြောပြီးနောက် လင်ရွယ်ထွက်သွားသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now