Weibo's Short Story - 3

3.4K 329 21
                                    


Unicode 


တစ်ညလွန်သော် ၊ A3 ကျင်နဲ့ လူဆိုးကောင်ကျင်တို့ဟာ အပြန်အလှန် ဖြတ်ကူးလာခဲ့ကြပြန်​၏။

A3ကျင် အိမ်ပြန်ရောက်လာတဲ့အခါ ရန်ရိ ကလေးကိုချီလျက် ခရီးဆောင်အိတ် ကိုင်ကာ လေယာဉ်လက်မှတ်ကလဲ ဝယ်ထားပြီးပြီပင်။

A3 ကျင် : "???မိန်းမက ဘယ်သွားမလို့လဲ ?"

ရန်ရိက သွေးအေးစွာ ဆိုသည်။ " ငါက မင်း ပိုကောင်းလာပြီလို့ထင်ခဲ့ပေမယ့် အဆုံးသတ်တော့လဲ မင်းက ဒီလိုဖြစ်နေတုန်းပါပဲ။ ငါအရမ်းစိတ်ပျက်သွားပြီ။ ​​ငါ ဒီနေ့ကုန်တဲ့အထိ မနေနိုင်တော့ဘူး။ ထပ်ပြီးလဲ ဘယ်တော့မှ မင်းကို မတွေ့တော့ဘူး "

A3ကျင်ဟာ တံခါးကိုပိတ်လိုက်ပြီး ခရီးဆောင်အိတ်ကို ဘေးချကာ ရန်ရိအား သူ့ရင်ခွင်ထဲဆွဲသွင်း၍ နမ်းရှိုက်လိုက်​၏။သူ့အတောင်ပံတစ်ဝက်က တံခါးကို ပိတ်ဆို့ထားပြီး ကျန်တစ်ဝက်က ရင်ခွင်ထဲကသူ့ကို ထွေးဖက်ထားသည် : " ပေါင်ပေ့အာ ဘယ်ကိုသွားဖို့မှတောင် မတွေးထားနဲ့ "

——

လူဆိုးကောင်ကျင်အိမ်ပြန်ရောက်လာသော် ရန်ရိက လက်ထဲမှာ နို့ပူပူလေးကိုကိုင်လျက် အိပ်ရာပေါ်မှာ နားနေ​၏။ လူဆိုးကောင်ကျင် ပြန်လာသည်နှင့် သူက ပျော်ရွှင်စွာ ထရပ်ကာ သူ့ကို ဖက်ရန်ပြင်လိုက်သည်။

လူဆိုးကောင်ကျင်ကမူ အလိုအလျောက်ပင် ကြမ်းတိုက်ဖတ်ကို ကောက်ကာ ၊ ကြမ်းပြင်ကို စတင်ကြမ်းတိုက်ချေတော့သည်။



_____


Zawgyi 







——



🎉 You've finished reading နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』 🎉
နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now