Chapter 17

6K 882 15
                                    


|| Unicode ||

သူ့သားမွေးဆွယ်တာလေးက ပွပွယောင်းယောင်းလေးပင်။ ရှကျင့်ထျန်ရဲ့ လက်မောင်းထဲမှာ သူ့ကိုယ်လေးကို ခုံးထားပြီးကောက်ညှင်းဆန်လုံးလေးလိုမျိူး အားနည်း၍လေးတွဲ့စွာ ကွေးထားလေသည် ။

ရှကျင့်ထျန်က ခြေထောက်တွေကို ကန့်လန့်ဖြတ်၍ အိပ်ရာအစွန်းမှာ ထိုင်နေပြီး ရန်ရိကို သူ့ပေါင်ပေါ်မှာပွေ့ထားကာ လက်ကိုကိုင်ထား​၏။

သားမွေးဆွယ်တာ ပါးပါးလေးကိုဖြတ်၍ ထင်ရှားစွာ ရှည်သွယ်နေသော ပုခုံးချွန်းလေးများကို မြင်နေရပြီး ကွေးထားသော လည်ပင်းပေါက်မှ ညှပ်ရိုးနက်နက်လေးကို ပေါ်လွင်နေစေသည်။ လက်ကောက်ဝတ်တွေက သေးသွယ်နေပြီးလက်သူကြွယ်မှာတော့ လက်စွပ်တစ်ကွင်း ၀တ်ထား​၏။ ယုံနိုင်စရာမကောင်းအောင်ကို ပိန်နေတာမို့ လက်စွပ်က လွယ်လွယ်ရွှေ့နိုင်ပြီး သူ့လက်ချောင်းကနေ ချော်ထွက်ကာ ကြမ်းပြင်ပေါ် ပြုတ်ကျသွားတော့သည်။

" အဲ့ဒါ ... လက်ထပ်လက်စွပ်လား..." ရှကျင့်ထျန်က ဖက်ထားရင်းပင် ရန်ရိကိုသက်သာစေရန် ပွတ်ပေးနေလိုက်သည် ။ ထို့နောက် လက်စွပ်ကို ငုံ့ကောက်လိုက်၍ လက်ထဲမှာ စစ်ကြည့်လိုက်သည်။

ယင်းသည်ကား လှပကာ တန်ဖိုးကြီးတဲ့ လက်ရာရှိနေပြီး ယုန်ကလေး ရွေးလောက်မယ့် အရာမျိူးနဲ့ မတူပါဘဲ ရိုးရှင်းသည့်တိုင် ကိန်းကြီးခန်းကြီးနိုင်သည့် ဒီဇိုင်းမျိူးဖြစ်​၏။ လုရှန့်ကျင် ရွေးခဲ့တာပဲ ဖြစ်လောက်မည်ပင်။ လက်စွပ်ပြင်ပေါ်တွင်ခြစ်ရာဟောင်းတွေ ရှိနေသော်လည်း သန့်ရှင်းအောင် ပွတ်တိုက်ခံထားရ​၏။

အိမ်ကနေတောင် နှင်ချခံလိုက်ရပြီကို သူက ဘာလို့ ဝတ်ထားသေးတာလဲ?

ရှကျင့်ထျန်က အားနည်းစွာ ပိတ်ကျနေတဲ့ မျက်ခွံတို့ကို နမ်းလိုက်ပြီး လည်ပင်းနောက်က ကြည်လင်နုနယ်ပါတဲ့ ဂလင်းတွေကို ထိလိုက်သည်။ အချိန်တွေအကြာကြီး တိတ်တိတ်လေး ချစ်နေခဲ့ရတဲ့ Omega လေးက ချိုမြိန်တဲ့ သကာရည်အိုင်လေးလို သူ့ရင်ခွင်ထဲမှာ ဝိုးတိုးဝါးတားနဲ့ အိပ်ပျော်နေရှာသည်။ သူကနေ ထုတ်ပေးထားတဲ့ ချွေးသိပ် Pheromone တို့ထဲမှာရန်ရိက အားကိုးတကြီးနဲ့ သူ့ကိုယ်သူ နှစ်မြှုပ်ထားလျှင် ယင်းက Alphaကို အလွန့်အလွန် ကျေနပ်စေ​၏။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now