Chapter 31

4.8K 725 9
                                    


|| Unicode ||

ဖုန်းချပြီးနောက် လုရှန့်ကျင်အိပ်ရာပေါ်မှာ ခဏလောက် မှီနေလိုက်သည်။

နောက်ကျမှ လက်ရန်းကိုမှီပြီး စီးကရက်သောက်ရန် အမိုးပေါ်တက်သွားလိုက်သည်။ နာရီကို တစ်ချက် လှမ်းကြည့်လိုက်သော် မနက်လေးနာရီ။ မကြာခင် အရုဏ်တက်တော့မည်ဖြစ်သည်။

စီးကရက်တစ်လိပ်ကုန်သွားပြီးနောက် လုရှန့်ကျင်သည် အမိုးပေါ်မှာရှိတဲ့ စားပွဲဝိုင်းလေးကို ကန်ချပစ်လိုက်သည်။ထို့နောက် စားပွဲခြေထောက်မှ ထွင်းထားသည့် လှိုင်းတွန့်ကို တက်နင်းလိုက်ပြီး "Fuck" ဟူ၍ အသံတိုးတိုးဖြင့် ဆဲရေးလိုက်မိသည်။

သူဟာ သက်သာရာသလိုဖြင့် ပန်းပုထွင်းထားသည့် လက်ရန်းကို မှီရင်း ကြယ်တာရာစုံလင်နေတဲ့ ကောင်းကင်ကို ကျောပေးလျက် ထိုင်နေလိုက်သည်။

ဘာလို့ဒီလောက်တောင် စိတ်အနှောက်အယှက်ဖြစ်နေရသလဲ။

ဒီအိမ်ရဲ့ ဝန်ထမ်းထားရတဲဲ့ ဟန်ချက်ညီမျှမှူက ချွတ်ယွင်းနေပြီလား။ ဘာလို့ လူတစ်ယောက် မရှိရုံနဲ့ ဒီလောက်တောင်စောက်ရမ်းအေးနေရတာလဲ ။

ဒါဟာ စိတ်ဂနာမငြိမ်ဖြစ်တဲ့ ခံစားချက်ဆိုတဲ့ အရာ ဒုတိယအကြိမ်ပေါ်လာတာဖြစ်သည်၊ ပထမအကြိမ်ကတော့ ရန်ရိနဲ့လမ်းခွဲပြီးနောက် ကာလအပိုင်းအခြားတွေတုန်းက။

ဒါ့ကြောင့် ရန်ရိပြန်လာပြီး ဒီဗီလာမှာ ဘဏ္ဍာထိန်းလုပ်ချင်တယ်လို့ ဆန္ဒပြုလာသောအခါ လုရှန့်ကျင် မငြင်းခဲ့တာဖြစ်သည်။

ပွက်ပွက်ဆူနေတဲ့ ရိုးရိုးရေတစ်ခွက်ထဲကို အချစ်ဟော်မုန်းတွေ တဖြည်းဖြည်းချင်း အေးစေလာသောအခါ ချုပ်ငြိမ်းသွားပြီဖြစ်တဲ့ ခံစားချက်တွေကို နဂိုအတိုင်း ပြန်ဖြစ်စေချင်လာပုံရပါ​၏။ သို့ပေမယ့် နှစ်တစ်နှစ်ရဲ့ စိတ်ဝင်စားမှုကိုတော့ မရယူနိုင်ပေ။

သူဟာ တစ်ကိုယ်ကောင်းဆန်ဆန်ပဲ ရန်ရိကို သူ့ဘေးမှာ ထားပြီး ခြံအဝင်းအဝိုင်းကို အလှဆင်ပေးဖို့ရာ ဥယျာဉ်ထဲမှာထားထားတဲ့ မုန်လာစိမ်းတစ်အိုးလို သဘောထားခဲ့သည်။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now