Chapter 44

6.2K 883 60
                                    

|| Unicode ||

ရေပူစမ်း​၏ အပေါ်ယံမျက်နှာပြင်သည် အဖြူရောင်ရေငွေ့တွေပျံနေသည်။ စိမ်းစိုစို မေပယ်ပင်တွေက လေညှင်းကြောင့်လှုပ်ခါသွားကြပြီးရံဖန်ရံခါ ရေမျက်နှာပြင်ပေါ်မှာ တစ်စအဖြစ် ကြွေကျလာခဲ့သည်။

ရန်ရိက မှင်တက်စွာဖြင့် ထိုင်နေခဲ့ပြီး ယုန်နားရွက်လေးတွေလဲ မလှုပ်ပေ ။

" အေးနေပြီလား? ပြန်သွားကြမလား? " ရှောက်ဝမ်းကျင်းက သူ့ပခုံးကို ဖက်လိုက်​၏။ သူ ရန်ရိကို ထိလိုက်ချိန်တိုင်းM2သရုပ်ကွဲစွမ်းရည်ဖြစ်တဲ့ " စိတ်အကြောသေစွမ်းရည် " ကို တိတ်ဆိတ်စွာ အသက်သွင်းနေပြီး အဆိပ်အတောက် အနည်းငယ်ကရန်ရိဂလင်းတွေတစ်လျှောက် ဦးနှောက်ထဲဝင်ရောက်ကာ မှတ်ဉာဏ်နဲ့ တွေးခေါ်ဉာဏ်ကို တိုက်စားသွားစေသည်။

ကြောင်တက်တက်ဖြစ်နေတဲ့ Omega က အကာအကွယ်မဲ့နေပြီး အဆိပ်အတောက်အကြောသေစေခြင်းဖြင့်လွယ်လင့်တကူ လှည့်ဖျားလို့ရနိုင်ပေသည်။

ရန်ရိက လျစ်လျူရှုစွာဖြင့်သာပြန်ဖြေလာ​၏။

" ဆယ့်သုံးရွက်ကြွေပြီးသွားပြီ၊ နောက်ထပ် ဆယ့်သုံးရွက် ကြွေဦးမယ် "

ပင့်ကူတွေသည်ကား သားကောင်ဖမ်းရာတွင် လုံလုံလောက်လောက် စိတ်ရှည်ထားပြီး စောင့်တတ်ကာ ငြိမ်နေရတာကိုလဲကျင့်သားရကြသည်။

ဒီအတိုင်း လိုက်ဖက်ညီနှုန်းမြင့်တဲ့ Omegaနဲ့ နေရလျှင်တောင် သူ့အား သက်တောင့်သက်သာ ဖြစ်စေသောကြောင့် ငြင်းစရာဟူ၍ မရှိနေ။

ဆယ်တစ်ရွက်မြောက် သစ်ရွက်ကြွေကျလာသည်အထိ သူဟာ ရန်ရိနဲ့အတူတူ ညနေခင်းမရောက်မချင်း စောင့်ပေးခဲ့ပေသည်။

ရန်ရိ သူ့ကို မှီရင်း အိပ်ပျော်သွားကာမှ ရှောက်ဝမ်းကျင်းဟာ သူ့ကို ပွေ့၍ ထရပ်လိုက်ပြီး မေပယ်ပင်ဆီလျှောက်သွားကာသစ်ရွက်နှစ်ရွက်ကို ရေကန်ထဲ ပစ်ချလိုက်​၏။

" ပြန်ဖို အချိန်ရောက်နေပြီ " သူဟာ သူ့ကတိကို ဖျက်ခဲသည့်မျိူးပင်။

ရှောက်ဝမ်ကျင်းက ရန်ရိအား ပြတင်းပေါက်မပါတဲ့ အိပ်ခန်းဆီခေါ်သွားပြီး လှောင်အိမ်တံခါးကိုဖွင့်ကာ ရန်ရိကိုလှောင်အိမ်ထဲပြန်ထည့်လိုက်​၏။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now