Chapter 45

6K 823 34
                                    


|| Unicode ||

ရှဖျင့်ထျန်က ဖုန်းကို ခွာလိုက်ပြီး လုရှန့်ကျင် အော်သံပြီးသွားကာမှ နားဆီကို ပြန်ထားလိုက်သည်။ " ..... "

သူ အခု လုရှန့်ကျင် ရှေ့မှာ အရမ်းရှက်နေပါပြီ။

သူ့ညီက သူ့သူငယ်ချင်းမိန်းမ ဗိုက်ကို ကြီးအောင်လုပ်လိုက်သည်။ ရှကျင့်ထျန်က သာမန်ထက်ပိုပြီး ဘာမှမလုပ်ပါဘူးလို့သူ့ကို အာမခံထားပြီး၊ သူကလဲ ယုံသော်ငြား ဤသည်မှာ လူတွေ ယုံသလား၊ မယုံဘူးလားဆိုတဲ့ ကိစ္စရပ်မဟုတ်နေပေ။

ထိုသို့ပြောပြီး သူ့မိန်းမကလဲ ပျောက်သွားသလို၊ ရှောင်ကျင့်ဇစ်ကလဲ ထွက်ပြေးသွားပြန်တာ သူအခုထိတိုင် ရှာလို့မတွေ့သေး။ အခု ပြန်ကြည့်မိတဲ့အခါမှ ​ရှဖျင့်ထျန် ငယ်ရွယ်စဉ်တုန်းက ကင်းထောက်နဲ့ တန်ပြန်ထောက်လှမ်းရေးလို ဂိမ်းလေးတွေကို ရှောင်ကျင့်ဇစ်နဲ့ မဆော့ပေးခဲ့သင့်ဘူး။ဒီကလေးက တစ်ပါးသူထံက ကောက်ချက်ချနိုင်တဲ့ စွမ်းရည်က သောက်ရမ်း ပြင်းထန်နေတာလေ ။

" ငါ မတွေ့ရင် ဘာကိုမှ လက်မှတ်ထိုးမှာ မဟုတ်ဘူး "

လုရှန့်ကျင်အသံမှာ အက်ကွဲနေပြီး ဆေးလိပ်ခိုးဝေနေတဲ့ အသံထဲ၌ အားပျက်နေသည့်အရိပ်အယောင်တွေကို ကြားသိနိုင်ပေ​၏။

တည်ငြိမ်ပြီး၊ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိူင်စွမ်းရှိသည်ဟု အမြဲတစေ လူသိများခဲ့ပါသော ဥက္ကဋ္ဌလု ဌဟာ ဒီလိုထိတ်လန့်စရာ အရာတွေကို တစ်ခါမှ မလုပ်ဖူးခဲ့ပါချေ ။

နှစ်ယောက်စလုံး ပြောစရာစကားမဲ့နေခဲ့ကြပြီး ဖုန်းချဖို့ရာ အကြောင်းပြချက်လဲ ရှာမတွေ့ခဲ့ကြပေ။

ရှဖျင့်ထျန်က ချက်ချင်းပင် ဒရိုင်ဘာကို ချန်ဟွေ့မြို့အား မောင်းခိုင်းလိုက်​၏။

သူ လုရှန့်ကျင်​၏ ရုံးခန်းတံခါးကို တွန်းဖွင့်လိုက်တဲ့အခါ ပထမဆုံးကတော့ သူ့ခြေထောက်အောက်ရှိ အကြည်ရောင်ကာဗာနဲ့ စာချုပ်စာတမ်းကို တက်နင်းလိုက်မိတာပဲ။

ထို့နောက်မှာတော့ ကြမ်းပြင်မှာ ကော်ဇောတစ်ခုလိုပင် သိပ်သည်းစွာ ပျံ့ကျဲနေခဲ့တဲ့ စာချုပ်စာတမ်းတွေ အပြည့်ဖြစ်နေတာကို တွေ့လိုက်ရပါ​၏။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now