Chapter 82

5.5K 782 104
                                    

|| Unicode ||

Warning // Child birth

လုရှန့်ကျင်သည်ကား သားဖွားခန်းအပြင်ဘက်၌ ဒေါက်တာကျူံးထံမှ တားမြစ်ခံလိုက်ရသည်။ဒေါက်တာကျူံးက သူ့ဒဏ်ရာမှာ အရမ်းပြင်းထန်လာပြီး ပြန်လည်ထူထောင်ဖို့ ဂလင်းစွမ်းရည်လုံလုံလောက်လောက် လိုအပ်နေကြောင်း အလေးအနက်ထားပြီး ပြောလာခဲ့​၏။ သို့သော် သူဟာ တပြိုင်နက် စွမ်းရည်ပြင်းထန်ပစ္စည်းနှစ်လုံးထိုးလိုက်တာကို ကြည့်လိုက်ရသောကြောင့် ဒေါက်တာကျုံးမှာ သူ သားဖွားကုတင်ပေါ်မှာတင် ချွေးသိပ် Pheromone တွေ သုံးချပစ်တော့မည်ကို စိုးရိမ်သွားရလေသည်။

သူဟာ အနည်းငယ် ကသိကအောက်ဖြစ်စွာဖြင့် အပြင်ဘက်မှာ လှည့်ပတ်လျှောက်နေမိသည်။ ယင်းက ဒေါက်တာကျုံးရဲ့အကြံဉာဏ်ကို နားထောင်နေသယောင်ထင်ရပေမယ့် သူ့မျက်လုံးတွေက သားဖွားခန်းထဲကိုသာ ကူးလူးသွားလာနေသည်။

ဒေါက်တာကျုံးက လုရှန့်ကျင်ကို စိတ်အနှောင့်အယှက်ပေးဖို့ မကြောက်နေ​။ ထို့ကြောင့် သူက အလေးအနက်ယူကာ ပြောလိုက်လေသည်။ " အထဲမှာ ရန်ရိနဲ့ လိုပ်ဖက်ညီနှုန်းမြင့်တဲ့ ကျွန်တော်တို့ ဆေးရုံက alpha ဆရာဝန်နှစ်ယောက်ရှိပါတယ်။သူတို့ကို လုပ်ခွင့်ပေးလိုက်ပါ။ "

ရန်ရိက အမှတ်အသားမပေးရသေးတာကြောင့် တခြားalphaတွေဆီက နှစ်သိမ့်ခံလို့ရလေသည်။

ဒါက မတူဘူးလေ။

ရန်ရိကိုသာ ခံစားရသက်သာအောင် လုပ်ပေးနိုင်တယ်ဆိုပါလျှင် တခြားalphaတွေ သူ့ကိုနှစ်သိမ့်ပေးနေတာကို သူသည်းခံနိုင်ပါ​၏ ။ သို့ပေမယ့် ဒီတစ်ကြိမ်ကတော့ သူ့ကို တစ်ယောက်တည်း ပေးခံစားခွင့်မပြုတော့တာပင်။

လုရှန့်ကျင် အဆိပ်တွေကို ပိုးသတ်ပြီးစီးသောအခါ ရန်ရိက ဗိုက်စနာနေပြီဖြစ်သည်။ သားဖွားကုတင်ပေါ်မှာလှဲနေရင်း ရန်ရိဟာ ကြီးလေးသော နာကျင်မှု အဆက်လိုက်ကိုသည်းခံနေရ​၏။ သူ့မျက်လုံးတွေက အလုပ်များနေသော သားဖွားသူနာပြုနှင့်ဆရာဝန်တွေကြားမှာ လှည့်လည်နေပေမယ့် သူမြင်ချင်နေတဲ့လူကိုတော့ ရှာလို့မတွေ့နိုင်ပါချေ။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now