Chapter 51

5.6K 792 23
                                    

|| Unicode ||

ရန်ရိက အထိတ်တလန့်ဖြစ်သွားပြီး မျက်လုံးတွေ မည်းမှောင်သွားကာ လုရှန့်ကျင်ရဲ့ ရင်ဘတ်ကို သူ့ရင်ဘတ်နဲ့ ဖိထားလိုက်သည်။ ဒက်ဖဒိလ် Pheromone နံ့တွေက သူ့နှာခေါင်းဝနဲ့ ဂလင်းတွေထဲကို တဖွဲဖွဲဝင်လာခဲ့လေသည်။

" လုရှန့်ကျင်?" ရန်ရိက နာမည်ကို တိုးတိုးလေး ရေရွတ်လိုက်သည်။

" ကိုယ်ပါ... ကိုယ်ရှိတယ် " လုရှန့်ကျင်က Souct ကို တင်းတင်း ကိုင်လိုက်၍ ရန်ရိ လက်မောင်းနှစ်ဖက်ကို သူ့လက်ဖျံနဲ့ပတ်ထားလိုက်ပြီး ဖုန်တွေနဲ့ မှန်ကွဲတွေရှိသော ကြမ်းပြင်မှ ထထိုင်လိုက်သည်။

" တစ်ခုခုဖြစ်လို့လား " လုရှန့်ကျင်ဟာ ရန်ရိလည်ပင်းမှာ လက်တင်၍ ခေါင်းအစခြေအဆုံးထိကြည့်ကာ ဒဏ်ရာမရှိဘူးဆိုတာ သေချာမှ သက်ပြင်းချလိုက်တော့သည်။

သူ့ပါးပေါ်ကို ဖုန်နဲ့သွေးတွေ စွန်းထင်းနေတဲလက်က လာတင်တာခံရလျှင် ရန်ရိ ကြောင်အသွားရ​၏​။

ဒီ Alphaရဲ့ လက်ဖဝါးမှာလဲ ငေါထွက်နေတဲ့ အမာရွတ်ဟောင်းတွေရှိနေခဲ့သည်။ သူ့မျက်နှာကို ကိုင်လာတဲ့အခါ ရန်ရိမှာသူ့နှလုံးသားက ခုန်ပေါက်လာတာကို ကြားသိလိုက်ရ​၏။

Alpha ရဲ့နံရိုးမှာ သွေးတွေရွှဲနစ်နေတာကို တွေ့လိုက်ရပြီး တစ်စက်စက်ကျဆင်းနေဆဲ။

ဘာကြောင့်ပေလဲမသိ။ ရန်ရိ ရင်ထဲမှာ မရှင်းပြနိုင်ပါတဲ့ နတ်ဆိုးမီးလျှံတစ်ခုက ရုတ်တရက်ဆိုသလို မြင့်တက်လာခဲ့ပေသည်။

သူသည် လုရှန့်ကျင်ကိုယ်မှာ လွယ်ထားသော AK47 ကို ဆွဲယူလိုက်ပြီးသူ့ဘာသာပင် ကျွမ်းကျင်စွာ မြဲမြဲမြံမြံကိုင်ထားလိုက်​၏။ လက်တစ်ဖက်က သေနတ်ကိုကိုင်ထားရင်း လုရှန့်ကျင်ရဲ့ ကိုယ်ထဲမှ ထရပ်ကာ သူ့ကို လက်သွယ်သွယ်ဖြူဖြူလေးတစ်ဖက် ကမ်းပေးလိုက်သည်။

လုရှန့်ကျင်မှာ ဝမ်းသာသွားရပြီး သူ့လက်လေးကို ဖွဖွ ဆုပ်ကိုင်လိုက်၍ မတ်တပ်ထရပ်လိုက်လေသည်။

ရန်ရိက သူ့လက်ကို ထပ်ပြီးဆုပ်ကိုင်လိုစိတ်မရှိတော့ဘူးလို့ သူထင်မိခဲ့တာပင်။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now