Chapter 12

5.5K 880 19
                                    

|| Unicode ||

သူ အညာတရ တည်းခိုခန်းလေးတစ်လုံးကို ရှာတွေ့ခဲ့ပြီး ဈေးမေးကြည့်လိုက်မိသည် ; တစ်ညကို ယွမ် ၇၀။

တတ်နိုင်သားပဲ။

တစ်ခါတလေ ရန်ရိ မမျှတသလို ခံစားရပါ​၏။ သူသည်လည်း လုရှန့်ကျင်ရဲ့ အသုံးတော်ခံခဲ့ရတာပဲလေ၊ တခြားOmegaတွေအကုန်လုံးကျ ဇိမ်ခံကားတွေ၊ ဗီလာတွေနဲ့ ထောက်ပံ့ကြေးတွေ အလျှံပယ်ရကြပြီး ဘာလို့ သူ့တစ်ယောက်ပဲဘာမှမရတဲ့ သူ ဖြစ်နေရသလဲ။

လုရှန့်ကျင်က လိုချင်တာမှန်သမျှ ဝယ်ခွင့်ပေးပေမယ့် ဒီ ဈေးကြီးပုံပေါက်တဲ့ အရာတွေက လုရှန့်ကျင်အတွက် ပင်လယ်ထဲကို ပြုတ်ကျသွားတဲ့ မဖြစ်စလောက် ရေစက်လေးပဲ ဖြစ်နေရင်တောင် ပစ္စည်းဥစ္စာမြေရာတွေကိုတော့ သူ့ကို နည်းနည်းလေးတောင် မပေးခဲ့ပါချေ။ သူက ဒါတွေကို ဘယ်တုန်းကမှ လေးလေးနက်နက် မယူခဲ့ဘူး။

ဒီ နာမည်မသိတဲ့ လမ်းဘေးတည်းခိုခန်းလေးက ကြီးကြပ်တာမျိူး မတင်းကြပ်တာကြောင့် ရန်ရိဟာ ID ကဒ်နဲ့ မှတ်ပုံတင်စရာမလိုပါဘဲ အခန်းကြို Bookဖို့ ငွေတချိူ့သာ ပေးချေခဲ့ရသည်။သူဟာ ဒီလိုနေရာတွေမှာပဲ နေဖို့ ရွေးနိုင်​၏။ ID ကဒ်ကလိင်အမျိူးအစား ကော်လံမှာ " နားရွက်ကျယုန် Omega, A3 " လို့ မျက်စိဖမ်းစားနိုင်တဲ့ ခရမ်းရောင်နဲ့ ကြော့ရှင်းစွာ ရိုက်နှိပ်ထားသည်လေ။

သာမာန်လူတစ်ယောက်က တပည့်ကောင်းတွေကို တစ်ချိန်လုံး ချီးကျူး၍ အခွင့်ထူးတွေပေးနေတဲ့ ကျောင်းအုပ်ဆရာတစ်ယောက်လို ဂလင်းဆဲလ်တွေ နိုးထနေခြင်းအပေါ် လေးစားအားကျခြင်းများ ဖြစ်လာနိုင်သည်။

J1Alpha တစ်ယောက်အပေါ် သူတို့တွေရဲ့ အမူအရာများက လေးစား၊ ရည်မွန်ကြသည်။ တန်ဖိုးဖြတ်မှု မြင့်တာကြောင့် လူတစ်ယောက်ရဲ့ မွေးရာပါ ကွဲပြားထားသည့်အဆင့်တို့ဟာ သာမန်လူများလက်လှမ်းမမီနိုင်တဲ့ အမြင့်တစ်နေရာ ဖြစ်ကောင်းဖြစ်နိုင်သည်။ တက်လမ်းတွေကတော့ နယ်သတ်မရှိပေါ့။

တကယ်လို့ M2အဆင့် ကွဲပြားထားသော Alpha တစ်ယောက်နဲ့ ဆုံလျှင် သူတို့တွေက လွယ်လွယ် မစော်ကားသင့်တော့ပေ။ယင်းက ဒုတိယအဆင့်နဲ့ကွဲပြားထားတဲ့ Omega ပဲဖြစ်စေ၊ Alphaပဲဖြစ်စေ သူတို့နောက်မှာ ထုံးစံအတိုင်း အရင်းအနှီးတွေကို ထောက်ပံ့ပေးနိုင်တဲ့ မိသားစုကြီးတစ်စု ရှိနေနိူင်တာမျိူး ဖြစ်နိုင်​၏။ အဘယ်ကြောင့်ဆိုသော် ဒုတိယအဆင့်ကွဲပြားရန်ပြိုင်ဘက်ကင်း အားသာချက်တွေ မပါ,ပါဘဲ ရှားပါးကာ လောက်ငှတဲ့ Pheromoneတွေရဲ့ လှုံ့ဆော်ဓာတ်ကူပေးခြင်းတွေလိုအပ်သောကြောင့်ဖြစ်သည်၊ သို့မှသာ ဂလင်းတွေက ပုံမှန်အတိုင်း ဖွံ့ဖြိုးလာမှာပင်။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now