Chapter 52

6K 836 30
                                    

|| Unicode ||

အခန်းထဲမှာ မီးရောင်ရှိနေပြီး အထဲမှာ သံလက်ရန်းနဲ့ ကုတင်တစ်လုံးရှိနေသည်။ ရှကျင့်ထျန်မှာ ညာဘက်လက်ကို ကုတင်ခေါင်းရင်းမှာ ချည်ခံထားရပြီး ကုတင်ပေါ်မှာ လှဲနေခဲ့​၏။

သူက ရန်ရိ မှတ်စုစာအုပ်အားပျင်းပျင်းနဲ့ လှန်လှောကြည့်နေမိသည်။

ချုပ်ထားခံရသည့် ရက်အနည်းငယ်အတွင်း၌ ရှကျင့်ထျန်ဟာ ပျင်းနေခဲ့ပါသည်၊ သူ့ရဲ့ လက်ဖဝါးလောက် မှတ်စုစာအုပ်လေးကတော့ ဆယ်ကြိမ်ထက်မနည်း လှန်လှောခံထားရပြီး ယင်း​၏အားလုံးက ဟောင်းနေချေပြီ။

ဒါမှမဟုတ် ကုဝေကပဲ ကောင်းကောင်းပြောခဲ့သည်လား ; မချစ်မိရင် အတင်းအကျပ်ဖြစ်စရာမရှိဘူး။

ယုန်ကလေးက အရမ်းကို ကောင်းပေမယ့်လဲ အဆုံးသတ်မှာတော့ သူ့ရင်ထဲမှာ ထည့်ထားသူက သူမဟုတ်ခဲ့ပါလေ။

မှတ်စုစာအုပ်ထဲက စာမျက်နှာတစ်ခုမှာ မျက်ရည်စက်တွေအပြည့်။ ရေးထားသည်က " ကျင်ကောက ငါ့အတွက် ဒဏ်ရာရသွားတယ် " ဟူ၍ သုညတွေနဲ့ အပေါင်းလက္ခဏာတစ်ခု။

လုရှန့်ကျင်အတွက် အမှတ်ပေါင်း ၁,၀၀၀၀ ထည့်ပေးဖို့မျှော်လင့်ထားခဲ့သည်။

သူ့ရဲ့ စိတ်ကူးပေါက်သလို လိုက်ပိုးခဲ့သည်က လွန်ခဲ့သည့်ဆယ်နှစ်ကျော် ကြာရှည်ခဲ့သော bamboo horse friendship* နဲ့ မယှဉ်နိုင်တာကို သူ သိပါသည်။

[ ကလေးဘဝ အပြစ်ကင်းကတည်းက အတူရင်းနှီးခဲ့ကြတဲ့ ဆက်ဆံရေးကိုပြောတာပါ။ ငယ်ချစ်ဦးသဘောမျိူးပေါ့နော်]

ကုတင်ခေါင်းရင်းနှင့် မျက်နှာချင်းဆိုင် လေးထောင့် ပြတင်းမှ တရှဲရှဲအသံမြည်လာပြီး ပြတင်းလော့ခ်ကလဲ ဆွဲငင်အားဖြင့်ဆွဲဖွင့်ခံလိုက်ရသည်။ ရှဖျင့်ထျန်က တိတ်တိတ်လေး ဝင်လာခဲ့၍ သူ့ခေါင်းအုံးဘေးမှာ အပူကာ နေ့လယ်စာဘူးကို ချပေးလာ​၏။

" ... ဝက်နံရိုးစွပ်ပြုတ်... ပူတုန်းစားလိုက် " ရှဖျင့်ထျန်က ကုတင်ကျိုးဘေးမှာ ရပ်၍ သူ့ကိုငုံ့ကြည့်လာခဲ့သည်၊ သူ့ခန္ဓာကိုယ်၌ သံတိုင်တို့မှ ပွန်းပဲ့ရာတွေ ဖုံးလွှမ်းနေ​၏။ ရှဖျင့်ထျန်က အိတ်ထဲက ပွန်းရာလိမ်းဆေးတစ်ဗူးကို ထုတ်လိုက်၍ရှကျင့်ထျန်ကို ပစ်ပေးလိုက်သည်။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now