Chapter 42

5.6K 852 66
                                    

|| Unicode ||

လုရှန့်ကျင် တံခါးကို အသံမြည်အောင်ပိတ်လိုက်၍ နီကိုတင်းမ်းကြောင့် လှုပ်ရှားနေတဲ့ နားထင်တွေ လုံးဝ ထုံပြီး ငြိမ်သက်သွားသည့်တိုင် ကားထဲမှာထိုင်လျက် တစ်လိပ်ပြီးတစ်လိပ် သောက်နေမိသည်။

ရန်ရိရဲ့ ကြောက်လန့်တကြားနဲ့ တောင်းပန်နေတဲ့ သွင်ပြင်က သူ့စိတ်ထဲမှာ ပြန်ပေါ်လာလေသည်။

လုရှန့်ကျင် သူ့ရင်ဘတ်ကိုဖိ၍ စီတီယာရင်ဘီးပေါ်လှဲချလိုက်ရင်း နှလုံးသား​က မြန်မြန်ခုန်နေတာကို သည်းခံထားမိ​၏။ သူ့ခြေထောက်တွေက အေးစက်ပြီး ထုံနေတာမို့ လီဗာကို နင်းမိချိန်မှာတောင် ဘာကိုမှ မခံစားရပါချေ။

ဤသည်မှာ သူ့ဘဝမှာ ကြုံဖူးသမျှထဲက အထင်ရှားဆုံးသော ထိန်းမနိုင်သိမ်းမရ စိတ်ကြွမှုတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်။

နောက်ထပ် ​နှစ်​ရက်​လောက်ထိ လုရှန့်ကျင်ဟာ ညဘက်တွေကို ကုမ္ပဏီမှာပဲ နေခဲ့ပြီး အိမ်​ကို လုံးဝမပြန်ခဲ့ပေ။

စားပွဲပေါ်မှာ အပုံလိုက်တင်ထားတဲ့ စာချုပ်အများစု၌ လက်မှတ်ရေးထိုးပြီးဖြစ်သော်လည်း ကျိုအန်း ဟုံယဲ့နဲ့ စာချုပ်တစ်ခုကတော့ ကျန်နေခဲ့သည်။

ပထမတော့ ကျိူအန်းဟုံယဲ့ရဲ့ ဒုဥက္ကဋ္ဌက ဖုန်းခေါ်၍ မေးလာခဲ့ပေမယ့် တစ်ခုခုမှားနေတယ်လို့ သူသဘောပေါက်လိုက်ပြီးတဲ့နောက် ထပ်မမေးဝံ့တောပေ။

အစည်းအဝေး ပြီးသည့်နောက် ရှဖျင့်ထျန်က မီးသွေးလို မဲနေတဲ့ မျက်နှာနဲ့ အစည်းအဝေးခန်းထဲကထွက်လာခဲ့သည်။

လုရှန့်ကျင် ပစ်ပယ်လိုက်တဲ့ အကြောင်းအရင်း တိတိကျကျကဘာလဲ? ဒါက သူတို့ ဟုံယဲ့ ရှမျိူးရိုးကို ပစ်မှတ်ထားလိုက်တာလား? အချိန်နှောင်းနေတဲ့ စာချုပ်တော်တော်များများကို ဆွဲယူခဲ့ပေမယ့် မလှုပ်ရှားခဲ့ဘူး။ မင်း ဘာတွေလုပ်နေတာလဲ?

သူ့အဖေက ထားရစ်ခဲ့တဲ့ ကလေးကသက်တမ်းတိုပြီး ကိုယ်တွင်း အင်္ဂါတွေတော်တော်များများလဲ ချွတ်ယွင်းနေတာလေ၊ဘယ်သူက ကယ်နိုင်တော့မှာလဲ?သူ့အမေက မင်းသားလေးကိုကယ်ပေးမယ့် ဧကရာဇ်ထင်နေလို့လား? ဟုံယဲ့ရဲ့ရှတွေကသူ့နဲ့ မြေမြှုပ်သင်္ဂြိုလ်လ်ိုက်သင့်တယ်မလား?

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now