Chapter 64

5.5K 828 36
                                    

|| Unicode ||

" ဒီတစ်ခါ ဥက္ကဋ္ဌလုနဲ့ အလုပ်လုပ်ရတာ ဂုဏ်ယူစရာပါပဲ "

" ရပါတယ် "

လုရှန့်ကျင်နဲ့ အမျိုးသမီးOmega Clientတစ်ယောက်က ရုံးအဆောက်အအုံမှ အတူထွက်လာကြလေသည်။ Omega ကအညိုပုတ်ရောင် ဆံပင် လှိုင်းကောက်ဆံပင်တို့ကိုပုခုံးပေါ် ဖြန့်ချထားပြီး စမတ်ကျကျနှင့် ကျော့ရှင်းစွာ ဝတ်စားထားကာလက်ထဲမှာတော့ အနက်ရောင်ဖိုင်တစ်ဖိုင်ကို ကိုင်ထားလေသည်။

ကုမ္ပဏီထဲက ထွက်လာပြီးနောက်မှာတော့ သူတို့တွေ အလ္လာပသလ္လာပစကားတချို့ ပြောဖြစ်ခဲ့ကြသည်။ Omegaက လုရှန့်ကျင်ရဲ့ ဘယ်ဘက်လက်သူကြွယ်က လက်ထပ်လက်စွပ်ကို မြင်သော် ရယ်သွမ်းသွေးလာပြီး " ဥက္ကဋ္ဌလုက လက်ထပ်ပြီးပြီလား?"

"ဆယ်နှစ်တောင် ကျော်ပါပြီဗျာ " လုရှန့်ကျင်က လက်စွပ်မျက်နှာပြင်ကို လက်ဖျားတို့ဖြင့်ပွတ်လိုက်၍ သူ့မျက်ဝန်းတို့မှာ ရုတ်ခြည်းဆိုသလို တိကျပြတ်သားသည်မှ နူးညံ့ခြင်းအသွင် ပြောင်းသွားရလေသည်။ ရေနွေးနွေးလေးတွေ စီးကျလာသလို နူးညံ့နေခဲ့ပေ​၏။

သောကြာနေ့ဖြစ်တာကြောင့် ရက်သတ္တပတ်​၏ အသေးအမွှားကိစ္စအားလုံးကို လုရှန့်ကျင်က ကြိုပြီးရှင်းပစ်လိုက်ပြီပင်။အလုပ်ဆင်းသည်နှင့် သူက ရန်ရိသောက်ရန် ပင်လယ်ငါးစတူးစွပ်ပြုတ်ကို သွားဝယ်ဖို့ စီစဉ်ထားသည်။

Omegaက မျက်နှာအုပ်၍ ပြုံးလိုက်ပြီး " ရှင့်လို alphaနဲ့ ဆုံနိုင်ခဲ့မှတော့ ရှင့်ချစ်သူကလဲ အရမ်းကောင်းတဲ့ သူလေးပဲ ဖြစ်ရမယ် "

လုရှန့်ကျင်က နှိမ့်ချမနေတော့ပဲ ' သူက ကျွန်တော့်ကို သေလောက်အောင် စွဲမက်စေပါတယ် ' လို့ တွေးရင်း ကျေနပ်စွာလက်ခံလိုက်​၏။ ထို့နောက် သူက omegaအား ကားတံခါးဖွင့်ပေးလိုက်သည်။

မြင်ကွင်းမှ Omegaရဲ့ ကားပျောက်သွားမှ ပိတ်ခံထားရသည့် မျက်နှာချင်းဆိုင်လမ်းဘက်က ကားက ပေါ်လာသည်။ လုရှန့်ကျင် ကြောင်သွားပြီး အပြင်းအထန်ပင် မျက်ခုံးတို့ကို တွန့်ကြည့်လိုက်မိသည် -- အနီတောက်တောက် Ferarri LaFerrariကကားတံခါးက ဖြည်းဖြည်းချင်းပွင့်လာခဲ့သည်။ Omegaက မောင်းသူထိုင်ခုံမှ နေကာမျက်မှန်တပ်ကာ ဆင်းလို့လာပြီး တံခါးဘေးမှာ မှီထားလိုက်သည်။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now