Chapter 41

5.5K 822 67
                                    

|| Unicode ||

Warning / Forced Abortion

ညစာစားချိန်မတိုင်ခင်၌ ရန်ရိက ခေါင်းငုံ့၍ ပန်းစည်ထဲက နှင်းဆီပန်းတွေကို ဂရုစိုက်ပေးနေသည်။နေ့စဉ်နေ့တိုင်း စားပွဲပေါ်မှာ ညှိုးသွားတဲ့ ပွင့်ချပ်လေးတွေ ကြွေကျ​၏။ ရန်ရိက ၎င်းတို့ကို တစ်ခုချင်းစီ ဖယ်ကာ မှတ်စုစာအုပ်အစားထိုးစာအုပ်အဟောင်းလေးထဲ ထည့်ထားလိုက်သည်။

လျော့ရဲရဲနှင်းဆီတွေက ပထမဆုံး ရတုန်းကလို ပုံသဏ္ဌာန်မရှိတော့သော်လည်း လုံးဝကွဲပြားသွားပါလျှင်တောင် ရန်ရိကစိတ်ကူးယဉ်တာတွေ အမှန်တကယ်ဖြစ်လာပြီး ပျော်ရွှင်မှုရဖို့ မလွယ်ကူတာကြောင့် ယင်းတို့အား အမြတ်တနိုးရှိနေဆဲပင်။

လုရှန့်ကျင်ရဲ့လက်ထောက်က အလွန်တော်ပြီး သွေ့ဖျီဘားမှာထားခဲ့သော ပစ္စည်းတွေကို အလျင်အမြန်ပင်ပြန်ယူလာခဲ့လေသည်။ ရန်ရိ ထိုသည်ကို လက်ခံပြီးနောက် အချိန်အတော်ကြာအောင် ရှာဖွေခဲ့သည့်တိုင် မှတ်စုစာအုပ်ကတော့ အထဲမှာအမှန်တကယ်မရှိနေကြောင်းကို ထပ်ခါတလဲလဲ အတည်ပြုခဲ့ရပေသည်။

သူ လက်ထောက်ကို ခေါ်လိုက်သော် လက်ထောက်ကတော့ အိပ်ခန်းထဲကပစ္စည်းတွေအကုန်ယူလာခဲ့တယ်လို့ပြောပြီးတောင်းပန်လာခဲ့​၏။

ရန်ရိက သူတစ်ပါးကို အနှောင့်အယှက်မပေးလေ့ရှိတာကြောင့် တွေ့ပြီလို့သာ ပြောလိုက်တော့သည်။

ကျင်ကော ပြန်လာခဲ့တဲ့အခါ ထိုမှတ်စုစာအုပ်က ထပ်ပြီး အရေးမကြီးတော့ပါချေ။ပြီးခဲ့တဲ့ နှစ်ရက်အတွင်း လုရှန့်ကျင်အတွက် ရန်ရိ အမှတ်တွေက ပေါက်ကွဲနှင့်နေပြီဖြစ်​၏။ ကလေးလေးမွေးလာခဲ့တဲ့အခါ ဒီအချစ်မှာ ပုံဆောင်ခဲလေးအသွင်ဖြစ်လာမှာမို့ နှုတ်ရမယ့်အခွင့်အလမ်းဆိုတာလဲ ရှိမှာမဟုတ်ပေ။

ရန်ရိက ဆိုဖာထောင့်မှာ ပြန်ထိုင်လိုက်ပြီး နံရံပေါ်က သလင်းနာရီကို တစ်ချက်ကြည့်လိုက်မိသည်။ လုရှန့်ကျင် စစ်ဆေးချက်ရလဒ်ကို စောင့်နေတုန်းများလားလို့ သူတွေးမိ​၏။ သူ ဖုန်းဆက်မေးချင်သော်လည်း နံပါတ်ကိုခေါ်ပြီးနောက်အဆက်အသွယ်က မရ။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now