Chapter 39

5.4K 750 20
                                    

|| Unicode ||

လုရှန့်ကျင်က ဖုန်းကို ဘေးပစ်ချလိုက်၍ လသာဆောင်သို့ လျှောက်သွားလိုက်ကာ ကိုင်းလိုက်ပြီး ရန်ရိတင်ပါးပေါ်မှာ ကပ်နေတဲ့ယုန်မြှီးလေးကို ထိလိုက်တော့သည်။

" အား " ရန်ရိက သူ့တင်ပါးကို ဖုံးလိုက်ပြီး ဘောင်းဘီရှည်ရဲ့ ခါးကို အနည်းငယ်မြှင့်ကာ သူ့အမြှီးလေးကို ဆုပ်လိုက်၍နီရဲနေသောမျက်နှာဖြင့် မြေကြီးပေါ်ကို ထိုင်ချလိုက်​၏။

" ကြမ်းပြင်က မသုတ်ရတာ ရက်တော်တော်ကြာနေပြီ၊ မြေကြီးပေါ်မှာ မထိုင်လိုက်နဲ့ " လုရှန့်ကျင်က မတ်မတ်ပြန်ရပ်၍ပြင်သစ်ပြတင်းပေါက်ကို မှီလိုက်သည်။

ရန်ရိက လက်ထဲမှာ Timothyမြက်ခြောက်ဘူးဖြင့် ထရပ်လိုက်ပြီး မျက်လွှာချကာ တိုးတိုးလေး မေးသည်။

" ဒါက ငါ့အတွက်လား ? "

လုရှန့်ကျင်ဟာ အတိတ်တုန်းက ရန်ရိအတွက် လက်ဆောင်ယူလာပေးချိန်တိုင်းဟာ ဒီအတိုင်း သူ့ရဲ့အမူအရာလေးကို မြင်ချင်လို့ဆိုတာကို အမှတ်ရမိသည်။ ကျေးဇူးတင်ပြီး ရှက်ရွံနေတဲ့ သူ့မျက်နှာလေးက ပြေပြေလေးနဲ့ နူးညံ့နေပေမယ့် သူ့ရင်မှာတော့ တကယ်ပင် စိတ်လှုပ်ရှားစေခဲ့ပါသည်။

သွေးထဲက ဒေါသဖြစ်ရသည်ဟူသော အကြောင်းခံမှာ တဖြည်းဖြည်းနဲ့ လျော့ကျသွားတော့​၏။

" မဟုတ်ရင်, ငါ့မှာ ယုန်စာစားတဲ့ ယုန်တစ်ကောင်ပဲ ရှိတာလေ " လုရှန့်ကျင်က သူ့လက်ကို ရန်ရိ ခေါင်းပေါ် တင်လိုက်ပြီး " တစ်လမ်းလုံး အိပ်လာခဲ့တော့ ကောင်းတာလေး တစ်ခုခု သွားစားပေါ့ "

" ငါ လုပ်လိုက်မယ် " ရန်ရိက မြက်ခြောက်ဘူးတွေကို ချလိုက်ပြီး " မင်း အပေါ်ထပ်မှာ ခဏလောက် သွားအနားယူလိုက်ပါ။ တစ်နေကုန် ကားမောင်းလာခဲ့ရတာမလား? "

လုရှန့်ကျင်ကမူ ရုတ်တရက် သူ့ကို အနောက်ကနေ လက်မောင်းတွေထဲ ဆွဲထည့်လိုက်ပြီး ခေါင်းငုံ့ကာ သူ့ရဲ့ နားရွက်ပျော့လေးတွေကို ညှစ်လိုက်သည်။

" ကလေးသွားကြည့်မယ်...လပြည့်တဲ့.. မင်းသဘောကျလောက်တယ် "

ရင်းနှီးကျွမ်းဝင်တဲ့ တော်ဖီရနံ့ Pheromone လေးတွေက စိတ်ချလက်ချရှိစေ​၏ ​။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now